Episode 4

1.2K 58 0
                                    

Ep 4 . Play Boyရဲ့ကိုယ်ဝန်ကို လွယ်ထားရခြင်း

လုပ်ရမယ့်တာဝန်အချိန်က ရက်သတ်မှတ်ချက်မရှိတာကြောင့် Jamesဟာ ကယ်‌ဗင့်ကို ညနေစာစားနေချိန်တွင် သွားစရာနေရာရှိလို့ဟုပြော၍ အပြင်သွားရန် ခွင့်တောင်းလိုက်သည်။

"ငါ လိုက်ပို့ပေးဖို့ လိုသေးလား .."

"ရတယ်..ရတယ်..မလိုဘူး ဒီတိုင်းအရင်းရင်းနီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ရုံတင်ပဲ .."

"ဒါဆို ငါလိုက်မပို့တော့ဘူးနော် ငါလဲကုမ္ပဏီအလုပ်တွေ လုပ်နေပြီမို့မအားတော့ဘူး။ မနက်ဖြန်ကိုတော့ Taxiငှားသွားလိုက်အုံး နောက်ရက်တွေ မင်းသွားချင်တဲ့ဆီသွားရင် လိုက်ပို့ဖို့အတွက် ကားမောင်းဖို့တစ်ယောက်လောက် ရှာပေးထားမယ် .."

"အင်း ကျေးဇူးပဲ .."

Jamesဟာ ကယ်ဗင့်ကိုပြုံးပြလိုက်ပြီး သူ့ရှေ့ရှိထမင်းကို ဆက်စားလိုက်သည်။ systemနဲ့ကလည်း စကားပြောမပြတ်ပေ။

"ဇာတ်လိုက်က ဘာလို့အလုပ်လုပ်နေတာလဲ အရင်ကတော့ ကလေကချေနေခဲ့ပြီး .."

""ဪhostရယ် သူ့မှာသားရှိလာပြီလေ။ သူ့သားအတွက် လုံခြုံစေဖို့ သူအင်အားကြီးနေမှရမယ်လေ။ အဲ့တာကြောင့် ဟိုတစ်နေ့ကပဲ ဇာတ်လိုက်ကမိဘတွေဆီ အမွေတွေသွားတောင်းပြီး ကုမ္ပဏီအလုပ်တွေ လေ့လာနေတော့တာ။ ဇာတ်လိုက်မိဘတွေကလဲ အလေလိုက်လာတဲ့ သူတို့သားအလုပ်လုပ်ချင်စိတ်ရှိတော့ ပျော်ရွှင်သွားကြပြီး ဇာတ်လိုက်ရမယ့်အမွေတွေ အကုန်လွှဲပေးလိုက်ပြီလေ ..""

"မင်းကဘယ်လိုသိတာလဲ ဇာတ်လိုက်သူ့သားအတွက် လုပ်နေတယ်ဆိုတာ .."

""ဘယ်သူမဆို ဦးနှောက်ရှိတဲ့သူ ဒီကိစ္စကို စဉ်းစားတတ်ပါတယ်။ Hostသာမစဉ်းစားတတ်တာ ..""

"ဪအေးပါ မင်းကတော့အတော်ကြီး ဦးနှောက်ပါနေတာဆိုတော့လေ .."

""ကျွန်တော်တို့Aiတွေက လူသားတွေလို ဦးနှောက်သာမရှိခဲ့တာ Creator Godထည့်ပေးထားတဲ့ systemရဲ့လုပ်ဆောင်ချက်တွေက Hostတို့လူသားတွေရဲ့ ဦးနှောက်နဲ့ယှဉ်လိုက်ရင် အစစအရာရာသာပြီးသား မိုးနဲ့ မြေလိုပဲ ကွာ ခြား တယ် ..""

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now