Episode 16

946 41 0
                                    

Ep 2 . အနှိပ်စက်ခံ omegaကိုယ်လုပ်တော်မှ ဧကရီအဖြစ်သို့တက်လှမ်းခြင်း

Jamesဟာ ရုတ်တရက်ရလိုက်တဲ့ စန္ဒကူးရနံ့ဖြစ်တဲ့ pheromonesတွေကြောင့် မင်းကြီးကိုမော့ကြည့်လိုက်မိသည်။ ထိုအခါမင်းကြီးက နူးညံ့သိမ်မွေ့စွာနဲ့ Jamesအားကြည့်နေသည်ကို မြင်လိုက်ရလေသည်။

အာ့..!
James သတိလက်လွတ် ဒက်ခ်အားကြည့်နေစဉ် လက်ကိုအပူအိုးနဲ့ ထိမိသွားလေသည်။

"ပူသွားတာလား အလီနာ ကိုယ်တော့်ကိုပြစမ်း .."

James အယောင်ယောင်အမှားမှားဖြင့် ဟင်းချိုရည်အိုးအပူကို ထိမိသွားတာကြောင့် အော်လိုက်တော့ မင်းကြီးကပျာပျာသလဲဖြင့် Jamesအနားလှမ်းလာလေသည်။

"ဒီအနာတွေက ဘာဖြစ်ထားတာလဲ .."

နန်းတွင်းသူတွေနဲ့ ကိုယ်လုပ်တော်တွေ လာရောက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုမင်းကြီးက တွေ့သွားတာကြောင့် James စိတ်ထဲတွင်ကြိတ်၍ ပြုံးလိုက်သည်။

"ကျွန်တော်မျိုး ကျွန်တော်မျိုး ဒီတိုင်းပဲခိုင်းမိထားတာပါ .."

"ဒီအညိုအမဲနဲ့ ကြိမ်လုံးရာတွေက ခိုင်းမိထားတာ ဖြစ်နိုင်ပါ့မလား။ ကိုယ်တော့်ကိုမလိမ်နဲ့ အလီနာ .."

"အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ငယ်သား အရဲစွန့်၍ လျှောက်တင်ပါ‌ရစေ။ သခင်လေးဆီက ဒဏ်ရာတွေက စားဖိုဆောင်နန်းတွင်းသူတွေက သခင်လေးကဟင်းပန်းကန်တွေ ပြုတ်ကျအောင်လုပ်တယ်ဆိုပြီး ကြိမ်ဒဏ်ပေးထားတာပါ။ တကယ်တော့သခင်လေးက ပြုတ်ကျအောင် လုပ်တာမဟုတ်ပါဘူး။ သူတို့ကတမင်တကာကို သခင်လေးလက်ထဲမရောက်ခင် လွှတ်ချလိုက်တာပါ .."

ဒက်ခ်သူ့ရှေ့တွင် တရစပ်ပြောသွားတဲ့ ကောင်ငယ်လေးကို ကြည့်လိုက်တော့ ထိုကောင်လေးမျက်နှာတွင်လည်း ရိုက်ခံထားရတဲ့ဒဏ်ရာတွေကို တွေ့လိုက်ရလေသည်။ ခန္ဓာကိုယ်ကလည်း ပိန်လှီနေသေးသည်။ ထို့နောက်မင်းကြီးဟာ အလီနာကိုကြည့်၍...

"ကောင်းပြီအဲ့ဒီကိစ္စကို ကိုယ်တော်ဖြေရှင်းလိုက်မယ်။ မင်းနဲ့မင်းသခင်လေး နောက်ထပ်ဒုက္ခမရောက်စေရဘူး .."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး .."

ရိုဆာဟာ မင်းကြီးစကားကြောင့် သူ့သခင်လေးအတွက် ပျော်ရွှင်သွားလေသည်။ Jamesဟာလည်း ရိုဆာအားကြည့်၍ "တော််တယ်ရိုဆာ" ဟု စိတ်ထဲမှပင် ချီးကျူးလိုက်လေသည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now