Episode 11

221 10 0
                                    

Unicode

Ep 4 . သမ္မတကြီးရဲ့ အချစ်ဆုံးမြေး

နောက်တစ်နေ့ Jamesအိပ်နေချိန်တွင် systemကလာနှိုးပြီး လုပ်ရမယ့်mission‌ ပြောလိုက်တာကြောင့် အိပ်ချင်စိတ်တွေပင် ပြေပျောက်သွားလေသည်။

"ဘာပြောတယ် လုပ်ရမယ့်missionကို နောက်တစ်ခေါက်လောက် ပြန်ပြောလိုက်စမ်းပါ .."

""Hostက ဇာတ်လိုက်မထက်အရင် ဇာတ်လိုက်နဲ့စေ့စပ်ရမှာပါ ..""

"မင်း မင်းတို့system ရူးနေကြတာလား။ ငါနဲ့ငါ့ချစ်သူ အခြေအနေက စေ့စပ်ပွဲလုပ်ရလောက်အောင်ထိ မတိုးတက်ကြသေးဘူးလေ .."

""ဒါဆိုhostက missionကို အောင်မြင်အောင်မလုပ်ပဲ လောကကြီးထဲကနေ ပျောက်ကွယ်သွားပြီး ချစ်ရသူနဲ့ပါထာဝရ ခွဲခွာနိုင်တယ်ပေါ့ ..""

Systemရဲ့စကားကြောင့် Jamesတွေဝေသွားပြန်သည်။ သူmissionသာ အောင်မြင်အောင်မလုပ်နိုင်ရင် သေဆုံးသွားပြီး သူ့အမေကိုလည်း ပြန်လည်မတွေ့နိုင်တော့သလို ချစ်ရသူနဲ့ပါထာဝရ ခွဲခွာသွားရတော့မည်။

"ငါလုပ်မယ် ငါmissionကို အောင်မြင်အောင်လုပ်မယ် .."

""ကောင်းပါပြီhost missionအတွက် ရရှိမယ့်pointsက 20pointsပါ Host..""

"ဘာ..20points တကယ်ကြီးလား .."

Jamesအစကတော့ အင်တင်တင်ဖြစ်နေပေမယ့် point20ပေးထားတာကြောင့် အံ့အားသင့်သွားလေသည်။ James missionပြီးအောင်လုပ်ရမယ့် စိတ်တွေကလည်း ပို၍ခိုင်မာလာခဲ့သည်။

""ဟုတ်ပါတယ် Host 20pointsပါ ..""

"ကောင်းပြီ အဲ့ဒီmissionဘယ်လောက်ခက်ခက် ငါပြီးအောင်လုပ်မယ်။ အရင်point30ရယ် အခုpoint20နဲ့ဆိုရင် အားလုံးပေါင်း50ပေါ့နော် .."

""ဟုတ်ပါတယ် အခုmissionအောင်မြင်တာနဲ့ hostမှာစုစုပေါင်းပိုင်ဆိုင်မှု points50 အတိအကျဖြစ်သွားမှာပါ ..""

"အင်း..Ai2ကိုခေါ်လိုက်အုံး .."

""ဟုတ်ကဲ့ host..""

ခဏအကြာတွင်.....

""ကျွန်တော်ရောက်ပါပြီ Host ..""

"ဪ Ai2မင်းရောက်လာပြီလား ငါဇာတ်လိုက်မအကြောင်း မေးချင်လို့ ၊ ပါတီပွဲကိုဇာတ်လိုက်မက တက်ရောက်မှာတဲ့လား .."

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now