Episode 14

1K 34 1
                                    

Ep 7 (End) . သမ္မတကြီးရဲ့ အချစ်ဆုံးမြေး

"လုံခြုံရေးတွေ သူမကိုချုပ်ထားကြစမ်း .."

Jamesအော်သံကြောင့် လုံခြုံရေးတာဝန်ယူထားတဲ့ သက်တော်စောင့်တွေက ဂရေ့စ်ကို ဖမ်းချုပ်ထားလေသည်။ သမ္မတကြီးအပါအဝင် ၊ ဂျော်နသန့်ရဲ့မိဘတွေ ၊ ဖရန်စစ်ရဲ့မိဘတွေပါ ဂျော်နသန့်အနား စိုးရိမ်စွာဖြင့် ရောက်လာလေသည်။

"သားလေးရရဲ့လား .."

"ဟုတ်မေမေ သားဘာမှမဖြစ်ဘူး မင်္ဂလာပွဲကို ပြီးအောင်လုပ်မယ် .."

"ဟားဟား..! ဂျော်ကို ငါမှမပိုင်ရရင် ဘယ်သူမှမပိုင်စေရဘူး .."

"အဟက်..! မင်းစောင့်ကြည့်နေလိုက် ဂရေ့စ် ၊ ဂျော်နသန့်ကို မင်းရှေ့မှာငါကိုယ်တိုင်ပဲ လက်ထပ်ပြမယ်။ အဟွန်း..! ငါတို့ကလက်စွပ် စွပ်ပေးပြီးတာနဲ့ မင်္ဂလာပွဲကလဲ အထမြောက်သွားပြီ။ အဲ့ဒီမင်္ဂလာပွဲ အထမြောက်သည်ထိ မင်းကြည့်နေရမယ် .."

"နသန် ဖရန့်ကို လက်စွပ်'စွပ်ပေးတော့ .."

ဂျော်နသန်ဟာ ဒဏ်ရာမှနာနေရင်းပင် ချစ်ရသူရဲ့အပြောကြောင့် အားတင်းစွာပြုံး၍ လက်စွပ်လေးကို လက်သူကြွယ်သို့ ညင်သာစွာဖြင့် စွပ်ပေးလိုက်သည်။

Jamesဟာလည်း သူ့ချစ်သူအား လက်စွပ်'စွပ်ပေးပြီးနောက် ဂျော်နသန့်နှုတ်ခမ်းလေးကိုနမ်း၍ ဂရေ့စ်ကိုကြည့်ကာ အောင်နိုင်သူသဖွယ် ပြုံးပြလိုက်လေသည်။

Jamesရဲ့ ထိုအပြုအမူလေးဟာ စိတ်တိုနေတဲ့ဂရေ့စ်ကို ပို၍ပေါက်ကွဲစေခဲ့ပြီး...

"အား..! မဖြစ်ရဘူး။ ဖရန်စစ် နင်ကငါ့ဘဝရဲ့ ဂြိုဟ်ဆိုးကောင်ပဲ နင့်ရင်ဘက်ကို ငါကားမှန်နဲ့စိုက်ကတည်းက နင်ဘာလို့သေမသွားခဲ့ရတာလဲ။ နင်ကလောကကြီးထဲကနေ တစ်ခါထဲပျောက်ကွယ်မသွားတဲ့အပြင် ငါချစ်ရတဲ့သူကိုပါ လုယူလိုက်သေးတယ်။ ဖရန်စစ် နင့်ကိုငါကိုယ်တိုင်သတ်ပြီး ထောင်ထဲဝင်ပြမယ် .."

ဂရေ့စ်စကားအဆုံး မင်္ဂလာပွဲရှိသူတွေအပြင် တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုနေသူတွေပါ အံ့ဩသွားခဲ့ရသည်။

"ဘာပြောလိုက်တယ် အဲ့ဒါဆိုကားအက်စီးဒန့်ဖြစ်တုန်းက သားရင်ဘက်မှာ ထိုးစိုက်မိတဲ့မှန်က မတော်တဆမဟုတ်ပဲ မင်းထိုးစိုက်ခဲ့တာပေါ့ .."

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now