အပိုင်း ( ၄ )

2.2K 175 9
                                    

( Unicode)

နှစ်တွေလတွေ အလီလီပြောင်းလဲလာကာ
တရွေ့ရွေ့အချိန်တွေကုန်ဆုံးခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်လည်း ပြီးဆုံးသွားပြီမို့လို့ ယနေ့ ကျောင်းတွေပြန်ဖွင့်တော့မည်။

" ရှန်သနိုင်!! အခုထိမထသေးဘူးလား ထတော့လေ။ ပထမဆုံးကျောင်းဖွင့်ရက်မှာနောက်ကျနေလို့မဖြစ်ဘူး ထတော့ထတော့...ဒီမှာ သားတေဇတောင်ရောက်နေပြီး "

အခန်းအပြင်မှ အမေ ဖြစ်သူ၏ ခေါ်နှိုးသံက နားထဲသို့ တတီတီနဲ့ဝင်လာသည်။ အိပ်ယာပေါ်မှာလူးလှိမ့်ကာ ရှန်သ အပျင်းဆန့်လိုက်သည်။

"  အစောကြီးရှိသေးတာကို..."

" မစောတော့ဘူးဟဲ့! မစောတော့ဘူး နာရီကိုလည်း ကြည့်ကြည့်ပါဦး "

ရှန်သ အိပ်ချင်မူတူးနဲ့ အိပ်ယာဘေးက စားပွဲတင် နာရီလေးကို လှမ်းယူလိုက်သည်။ သန်းဝေလိုက်ကာ မျက်လုံးကို အားယူ၍ ဖွင့်လိုက်သည်။

" ၈နာရီ၃၅!!! "

ရှန်သ ဇက်ခနဲ ထထိုင်လိုက်သည်။

ကျောင်းချိန်က ၉ နာရီ...ကျန်ရှိချိန် ၂၅မိနစ်။ ရေချိုးချိန်က ၅ မိနစ်၊ပြင်ဆင်ချိန်က ၃မိနစ်၊ မနက်စားစားချိန် ၂ မိနစ်၊ စက်ဘီးနင်းချိန် ၄ မိနစ်။ လောက်တယ် လောက်တယ်...မြန်မြန်သာလှုပ်ရှားမယ်ဆို အချိန်အေးဆေးလောက်တယ်။

မနက်စောစောထရင် စိတ်ကြည့်တယ်လို့ ဘယ်သူကများပြောခဲ့တာလဲ။ ကျွန်တော်ကတော့ စောစောထလည်း စိတ်မကြည် နောက်ကျမှထလည်း စိတ်မကြည်တဲ့အပြင် တစ်ယောက်တည်း ဝရုန်းသုန်းကားပါဖြစ်လိုက်သေးတယ်။

ခန့်မှန်ချိန်က ၁၄ မိနစ်ဖြစ်သော်လည်း ရေချိုးပြင်ဆင်တာနဲ့တင် ၁၅ မိနစ်ကုန်သွားတော့သည်။

" ရှန်...မင်းကြောင့်ငါတော့ ပထမဆုံးရက်မှာတင် ကျောင်းကွင်းမှာပတ်ပြေးရတော့မယ့်ပုံပဲ "

ရှန်သ အမေပြင်ဆင်ထားပေးသည့် ပါမုန့်မီးကင် ကို အေးဆေးထိုင်စားနေရင်း တေဇ က ဆို၏။

" မင်းကိုဘယ်သူကစောင့်ခိုင်းနေလို့လည်း! ကိုယ့်ဘာသာကိုယ်သွားပေါ့ "

Forever And Ever [ Complete ]Where stories live. Discover now