အပိုင်း ( ၆ )

2K 161 0
                                    

( Unicode )

နေ့လယ်စာစားချိန် ကျောင်းကန်တင်း၌ ဖြစ်၏။

ဟန်စစ်နှင့်ရှန်သ တို့အကြာကြီး တန်စီးပြီးနောက်မှာတော့ သူတို့အလှည့်ရောက်လာ၏။ စားစရာများကိုထည့်ပြီးနောက် တစ်ယောက်တည်း ထိုင်နေသည့် တေဇ ဘေးနားမှာ ဝင်ထိုင်လိုက်ကြသည်။

တေဇ ကသူ့ပန်းကန်ထဲမှ ကြက်သားကြော်ကို
ရှန်သ ကိုပေး၏။

" ကျေးဇူးပဲ တေဇ.. "

" အဲ့တာကြောင့် မင်းတို့နှစ်ကောင်နဲ့ ထမင်းအတူတူမစားချင်တာ။

ဘေးနားက ဟန်စစ် မျက်နှာကတော့ မဲ့ရွဲ့နေတော့သည်။

" ပါးစပ်ကြီးလည်း ရွဲ့သွားဦးမယ် ရော့ရော့... "

သူ့ယူလာတဲ့ ကြက်ဥကြော်ကို ဟန်စစ် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည့် ရှန်သ။

" မင်းကသူငယ်ချင်းကောင်းပဲ ရှန် "

* ဘုတ် *

စားပွဲကို လက်ဝါးနဲ့ ရိုက်ချလိုက်သည့် တေဇ ကြောင့် ဟန်စစ် ပါးစပ်ထဲထည့်ဖို့လုပ်နေသည့် ကြက်ဥကြော်လေးတောင် အောက်သို့ပြုတ်ကျသွား၏။

" မခေါ်နဲ့! "

ဟန်စစ်ကို မျက်လုံးစိမ်းကြီးနဲ့ကြည့်ကာ အရင်းမရှိအဖျားမရှိနဲ့ ပြောသည့် တေဇ ၏ စကား။

" ဘာကိုလည်း "

" ငါခေါ်သလို ရှန်လို့မခေါ်နဲ့! အဲ့တာ ငါတစ်ယောက်တည်း ခေါ်ခွင့်ရှိတဲ့ နာမ်စား!! "

" သ ကျန်သွားလို့ဟေး! တကယ်တည်းမှာပဲ နာမည်ကအစလာ တွန့်တိုနေတယ်။ "

" နှစ်ကောင်လုံး ကိုက်မနေကြနဲ့တော့ ထမင်းအေးဆေးစားပါရစေ "

ရှန်သ အော်လိုက်တော့မှပဲ အကြည့်နဲ့စစ်ခင်းနေသည့် နှစ်ယောက်က ငြိမ်သွားတော့သည်။

ခဏကြာတော့ သူတို့သုံးယောက်အနားကို ကောင်မလေး တစ်ဦးရောက်လာ၏။ လက်ထဲ၌လည်း စာတစ်စောင်ကို ကိုင်ထားသေးသည်။
ကောင်မလေးက တေဇ ထိုင်နေသည့် ဘေးနားမှာ ရပ်လိုက်ကာ...

" ဟိုလေ စီနီယာ..ဒီစာလေးကို လက်ခံပေးလို့ရမလား "

ကောင်မလေးက တုန်တုန်ရီရီဖြစ် ပြောလာသည်။ တေဇကတော့ ဘာမှပြန်မပြော မျက်နှာတည်ကြီးနဲ့ မှင်တေတေသာနေနေ၏။

Forever And Ever [ Complete ]Where stories live. Discover now