အပိုင်း ( ၁၄ )

1.9K 144 3
                                    

( Unicode )

တေဇနှင့်ရှန်သ ကျောင်းအတူသွား ကျောင်းအတူပြန်နှင့် ဖြတ်သန်းလာပြီးသည့် နောက်မှာတော့ ကျောင်းပိတ်ရက်သို့ ရောက်ရှိလာခဲ့သည်။

ကုတင်ပေါ်မှာ အဝတ်ပုံကြီးဖြစ်နေကာ ဗီရိုထဲ၌လည်း အဝတ်အစားတွေတစ်ခုမှမရှိတော့ပေ။ အကြောင်းမှာ တစ်စုံပြီးတစ်စုံလဲဝတ်လိုက် မကြိုက်ရင် ပြန်ချွတ်လိုက်လုပ်နေသည့် ရှန်သ ကြောင့်ပင်။စိတ်တိုင်းကျသည့် ဝတ်စုံတွေ့သည့်အခါမှာတော့ အခန်းတစ်ခုလုံး ခြေချစရာနေရာမရှိတော့သည့် အထိ ရှုပ်ပွနေတော့သည်။

ပြင်ဆင်ပြီးသည့်နှင့် ရှန်သ တိုက်အောက်သို့ဆင်းလာခဲ့သည်။ သူ့ကိုစောင့်နေသည့် တေဇ ၏ ကျောပြင်လေးကို မြင်လိုက်သည့်နှင့် နှလုံးခုန်နှုန်းက အလိုလိုမြန်ဆန်လာသည်။

" ငါတို့ဘယ်သွားကြမှာလဲ... "

ရှန်သ မေးတာကို တေဇက ပြန်ဖြေသည်။

" မင်းသွားချင်နေတဲ့နေရာ...  " တဲ့။

တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ တိုက်အရှေ့မှ ထွက်လာခဲ့ကြသည်။ ချစ်တဲ့သူသာအနားရှိနေရင် မိုင်ထောင်ချီခရီးနှင်ရလဲ ချိုမြနေတာမျိုး။

တေဇ ခေါ်လာသည့်နေရာကိုလည်းရောက်ကော မြေကြီးကနေ ကောင်းကင်ပေါ်ထိ ရှန်သ မော့ကြည့်မိသည်။

" မင်းတကယ်ကြီး ဒါကိုစီးမှာလား... "

သူတို့အခုရပ်နေသည့် နေရာမှာ ရဟတ်အရှေ့တွင်ဖြစ်၏။ ဟိုတစ်နေ့က နှစ်ယောက်အတူတူ တရုတ်ကားကြည့်နေရင်း ဇာတ်လမ်းထဲက  မင်းသားနဲ့မင်းသမီး ရဟတ်စီးကြတော့ ရှန်သပြောသည့်

" ငါလည်း ရဟတ် တစ်ခါမှမစီးဖူးဘူး စီးချင်လိုက်တာ..." ဆိုသည့်စကားကို တေဇ မှတ်ထားလေသည်။

" ရပ်သွားပြီးပဲ ဝင်ကြရအောင်... "

" နေဦး..နေဦး တေဇ မင်းအမြင့်ကြောက်တယ်မလား ဒါစီးလို့မဖြစ်ဘူးလေ။ တစ်ခြားနေရာသွားရအောင်နော် "

" ငါအဆင်ပြေတာမို့လို့...ဝင်ကြရအောင် "

ရှန်သ ၏ လက်ကိုဆွဲကာ ရဟတ်ထဲသို့ ဝင်သွားသည့် တေဇ။

Forever And Ever [ Complete ]Where stories live. Discover now