အပိုင်း ( ၁၀ )

1.9K 160 2
                                    

( Unicode )

သဲသောင်ပြင်ပေါ်တွင် ထိုင်နေကြသည့် ကောင်လေးနှစ်ဦး။ တဖြူးဖြူးတိုက်ခတ်နေသော လေသံနှင့် လှိုင်းရိုက်ခတ်သံကိုသာ ကြားနေရပြီး ကောင်လေးနှစ်ယောက်ကတော့ တိတ်ဆိတ်လျက်။

" ရေထဲဆင်းမလား "

တေဇကပဲစကားအရင်စလိုက်သည်။

" မဆင်းတော့ဘူး...နေဝင်ချိန်ကြည့်ချင်တာ "

" နေဝင်ပြီးမှပြန်ကြတာပေါ့...စားဖို့တစ်ခုခုသွားဝယ်လိုက်ဦးမယ် ဒီမှာပဲနေနော် လျှောက်မသွားနဲ့ "

" ငါက ကလေးလေးလား ပူမနေနဲ့ သွားစရာရှိတာသွားစမ်းပါ။ "

" မြန်မြန်ပြန်လာခဲ့မယ်။ "

မသိလျှင် ခရီးအဝေးကိုသွားတော့မည့်အတိုင်း ဖြစ်ပျက်နေသည့် တေဇ။

တစ်ယောက်တည်းကျန်ခဲ့မှပဲ ရှန်သ စိတ်နှလုံး ပေါ့ပါးသွားသည်။ တေဇ အနားမှာရှိနေတဲ့ တစ်လျှောက်လုံး ရှန်သ ကိုယ့်စိတ်ကိုယ်အပြစ်တင်နေမိသည်။ မျိုးတူယောကျ်ားလေးတစ်ယောက်ကို ရင်ခုန်နေမိသည့်အပြင် အဲ့ဒီယောကျာ်းလေးက သျှိန်းတေဇနိုင် ဖြစ်နေတာပဲ။

ကိုယ့်အတွေးနဲ့ကိုယ် မွန်းကျပ်ထွေးပြားနေတုန်းမှာပဲ မျက်စိအရှေ့အောက် ဝင်လာခဲ့သည့် အတွဲတစ်တွဲ၏ ရယ်သံများ။ သေချာကြည့်မိမှာ ကောင်လေးနှစ်ယောက်ဖြစ်နေသည်။

" အခု သူတို့နမ်းနေကြတာလား!!! "

ကြည့်နေရင်းပင် အရှေ့ကကောင်လေးနှစ်ယောက်ရဲ့ခေါင်းက ဖြည်းဖြည်းချင်းနီးကပ်သွားတာကြောင့် ရှန်သ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သဲသောင်ပြင်ပေါ်မှ ဇက်ခနဲထလိုက်တာကြောင့် လဲကျမလိုတောင်ဖြစ်သွားပြီး သဲတွေကိုခါချကာ ထိုနေရာမှ ခပ်မြန်မြန်ထွက်လာခဲ့သည်။

တေဇ ပြန်ရောက်လာတော့ စောင့်ခိုင်းထားသည့်နေရာမှာ ရှန်သ ၏ အရိပ်အယောင်ကိုတောင်မတွေ့။ ကမ်းခြေတစ်လျှောက်မှာလိုက်ရှာတော့လည်း မတွေ့တာကြောင့် ပူထူကာ စိုးရိမ်မှု အတိုင်းအဆကြီးမားလာသည်။

ကမ်းခြေမှတက်လာကာ ဟိုတယ်တွေဘက်ကို လိုက်ရှာပြန်သည်။

" ရှန်သနိုင်!!! "

Forever And Ever [ Complete ]Where stories live. Discover now