အပိုင်း ( ၁၆)

1.7K 131 4
                                    

( Unicode )

တရွေ့ရွေ့သွားနေသည့် ရထား...။

မိခင်ဖြစ်သူကို ကျောခိုင်းကာ ထိုင်နေပြီး ရှန်သ ၏ ပုံစံမှာ ခန္ဓာကိုယ်၌စိတ်ဝိညာဉ် ကင်းမဲ့နေသည့် အတိုင်းပင်။ တစ်ညလုံးမအိပ်ပဲ ငိုထားတာကြောင့် မျက်နှာလေးကလည်း အစ်အန်နေကာ နှုတ်ခမ်းတွေကလည်း ခြောက်ကပ်လို့နေသည်။

မြို့နဲ့ဝေးကွာလာသည့်နှင့်အမျှ ရှန်သ ၏ နှလုံးသားကလေးကလည် ပို၍ ငိုကြွေးလာသည်။

အဖွားအိမ်ကိုရောက်သည့်နှင့် ဘာစကားမှမပြောပဲ သူ့နေရမည့် အခန်းထဲကို ရှန်သ ဝင်သွားသည်။ ရှန်သမားမားကတော့ သူ့သားအကြောင်းကို ငိုယိုကာ ရှန်သအဖွားကိုပြောနေတော့သည်။

" သမီးရယ်...ဘာလို့အခုလိုလုပ်တာတုန်း မြေးလေးက သမီးကိုအမုန်းပ္ပားကုန်မှဖြစ် "

" သူတို့နှစ်ယောက်လုံးက ယောကျ်ားတွေလေ အမေ! သမီးဘယ်လိုမှလက်မခံပေးနိုင်ဘူး! "

" အခုခေတ်မှာ လိင်ကွဲအချင်းချင်းမှချစ်ရမယ်ဆိုတာမရှိပါဘူးဟယ် ငါအဖွားကြီးတောင် ညည်းလောက်ရှေးရိုးမစွဲဘူး အေ...ညည်းကြောင့် မြေးလေး ဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ "

" ငိုလည်းခဏပေါ့ မောရင်တိတ်သွားလိမ့်မယ် "

သမီးဖြစ်သူကို ဘယ်လိုပြောပြောမရသည့် အဆုံးမှာတော့ ဘာမှဆက်မပြောမနေတော့ပဲ တရားထိုင်ရန်သာ ထွက်လာခဲ့သည်။ တစ်ဖက်ကလေးလည်း မြေးလေးနဲ့နီးတူ ခံစားနေရလောက်သည်။

အတ္တကြီးနေသည့် သမီးဖြစ်သူကိုသာ ငယ်ငယ်ကလို ရိုက်နှက်ဆုံးမချင်စိတ်တွေက တဖွဖွပင်။

-
-
ရှန်သ မရှိသည့် တေဇ ၏ ဘဝကတဖြည်းဖြည်းနဲ့ ပို၍စုတ်ပြတ်လာသည်။ အခုဆို အရက်တွေဆေးလိပ်တွေပါသောက်တက်နေ၏။ စက်ပိတ်ထားသည့် ရှန်သ ၏ ဖုန်းကိုလည်း နေ့တိုင်းလိုလို ခေါ်နေတက်သည်။

အရက်သောက်ရင် သူခံစားနေရတာတွေများ သက်သာမလာဆိုသည့် အတွေးဖြစ် သောက်နေကာ ဘေး၌လည်း ပုလင်းအခွံတွေကများစွာ။

" သျှိန်းတေဇနိုင်!! မင်းအထဲမှာရှိနေလား တံခါးဖွင့်စမ်း! သျှိန်းတေဇနိုင်... "

Forever And Ever [ Complete ]Where stories live. Discover now