အပိုင်း ( ၁၂ )

1.9K 149 0
                                    

( Unicode )

ရထားဘူတာကနေ Taxi ငှားကာ ရှန်သ ပြန်လာခဲ့သည်။ ပြန်ရောက်သည့်နှင့် တေဇ ၏ တိုက်ခန်းတံခါးကို တဘုန်းဘုန်းနဲ့ ရိုက်ခေါ်နေသော်လည်း မည်သူမျှ တံခါးလာမဖွင့်ပေ။အပေါ်ထပ်က သူ့အိမ်များမြန်းလားဆိုသည့် အတွေးကြောင့် ချက်ချင်းပဲ လှေကားကနေပြေးတက်သွားသည်။

" မားမား! တေဇကော "

" ဘယ်သိမတုန်း သားနဲ့အတူတူပြန်လာတာမဟုတ်ဘူးလား "

သူ့အိမ်မှာလည်း မရှိတာကြောင့် ရှန်သ တိုက်အောက်သို့ပြန်ဆင်းသွားသည်။ ဖုန်းကိုထုတ်လိုက်ကာ တေဇ ဆီသို့ဆက်လိုက်သည်။

" မင်းဘယ်မှာလဲ!! "

ဟိုဘက်က ဖုန်းကိုင်လိုက်သည့်နှင့် Hello လို့တောင် ပြောခွင့်မပေး။

" ငါကျောင်းကိုပြန်ရောက်တော့ ဟန်စစ်က မင်းငါ့အနောက်လိုက်သွားတယ်ဆိုလို့ ငါဘူတာရုံမှာမင်းကိုပြန်လာရှာနေတာ " 

" အခု ဘူတာရုံမှာလား "

" ဟုတ်တယ် "

" ဘယ်နားမှာလဲ "

" သံလမ်းဘေးက ခရီးသည်စောင့်တဲ့နေရာမှာ "

" အဲ့မှ‌ပဲရပ်နေ! တစ်လက်မလေးတောင်မရွေ့စေနဲ့ ငါအခုလာခဲ့မယ် "

ဖုန်းချပြီးသည့်နှင့် လိမ်ထိပ်သို့ အမောတကော ပြေးသွားကာ တေဇရှိနေသည့် ဘူတာရုံကိုပြန်သွားရန် Taxi ငှားလိုက်သည်။ တေဇ ခင်များမှာတော့ ရှန်သ ပြောသည့်စကားတိုင်း သူရောက်နေသည့်နေရာမှာ ကျောက်ရုပ်ကြီး တဖွယ်ရပ်နေလေသည်။

မေမြတ်နိုးကို ဘူတာသို့ပို့ပေးပြီးနောက် တေဇ ကျောင်းသို့ပြန်လာခဲ့သည်။ ရှန်သ တို့အခန်းအရှေ့ကို သွားတော့ ဟန်စစ် ကထွက်လာသည်။ လက်ထဲ၌လည်း ရှန်သ ၏ လွယ်အိတ်ကိုကိုင်ထားသည်။

" မင်းချစ်ချစ်က မင်းအနောက်ကိုလိုက်သွားတာလေ...မတွေ့ခဲ့ဘူးလား။ "

" ငါ့အနောက်ကိုလိုက်တယ်... "

" အေးလေ မင်းကိုတစ်ကျောင်းလုံးမှာပတ်ရှာနေတာ။ မင်းဘူတာရုံသွားတယ်ဆိုလို့ လွယ်အိတ်တောင်မယူနိုင်ပဲ ပြေးထွက်သွားတာ... "

Forever And Ever [ Complete ]Where stories live. Discover now