အပိုင်း ( ၁၅ )

1.7K 136 0
                                    

( Unicode )

စာမေးပွဲဖြေနေရသည့်မို့ ရှန်သ နှင့် ဟန်စစ်တို့နှစ်ယောက်ကို တေဇ နှင့် မေမြတ်နိုု စာရှင်းပြသည်။ နှစ်ယောက်သာ မျက်လုံးလေးကလည်ကလည်နဲ့ နားထောင်နေကြလေသည်။

မေမြတ်နိုး က စကောလာရှစ်စာမေးပွဲကျသွားသဖြစ် နိုင်ငံခြားသွားဖို့အခွင့်အရေးကိုလက်လွှတ်ခဲ့ရသည်။ မေမြတ်နိုး ပြန်ရောက်လာတော့ ရှန်သ ကိုကြည့်ကာ တေဇ က ဆို၏။

" ငါသွားဖြေလည်းကျမှာ...ဟိုမှာ ငါတို့ထက်တော်တဲ့လူတွေအများကြီးပဲ အချိန်ကုန်တာပဲအဖက်တင်တယ် " တဲ့။

နောက်ဆုံး ဘာသာဖြေပြီး စာမေးပွဲခန်းထဲ ထွက်လာသည့်နှင့် ရှန်သ သူ့လက်ထဲမှာကိုင်ထားသည့် မေးခွန်းစာရွက်ကို အောက်သို့ပစ်ချလိုက်သည်။ တိရစ္ဆာန်ရုံထဲမှာ လွတ်လာသည့် မျောက်တွေသကဲ့သို့ ဆူညံပွတ်လောရိုက်ကာ ခုန်ပေါက် ထွက်လာကြသည့် ကျောင်းသားများ။

စာမေးပွဲလည်းပြီးကျောင်းလည်း ပိတ်လိုက်ပြီးမို့ ပျော်ရွှင်နေကြခြင်းဖြစ်သည်။

" ပိတ်ရက် ငါတို့ခရီးထွက်ကြမလား တေဇ...ဘယ်သွားရင်ကောင်းမလဲ "

ဒီနေ့တော့ စက်ဘီးနဲ့မဟုတ်တော့ပဲ ဘေးချင်းယှဉ် လမ်းလျှောက်ပြန်လာသည့် နှစ်ယောက်။

" အခုမှ ကျောင်းပိတ်တာကို ရှန်ရာ... "

" ဘာလဲ မင်းကငါနဲ့အတူတူခရီးမသွားချင်ဘူးလား "

" မဟုတ်ရပါဘူးဗျာ။ ငါကမင်းနဲ့ဘယ်နေရာမှာပဲရှိနေနေ ပျော်နေတဲ့ဟာ ...အခုက စာတွေလုပ်ထားလို့ ပူနေတဲ့ မင်းဦးနှောက်ကို ခဏလောက်အနားယူစေချင်လို့ပါ။အချိန်တွေအများကြီးရှိပါသေးတယ်။ သွားချင်တဲ့နေရာကို အေးဆေးစဥ်းစား ဟုတ်ပြီလား။  "

" တေဇ...မင်းကချစ်ဖို့ကောင်းလိုက်တာ!! "

" မင်းအတွက်ပဲ ချစ်ဖို့ကောင်းပေးနေတဲ့ ငါ့ကို ဆုပေးရမယ်မဟုတ်လား... "

ရှန်သ ၏ ခါးကို ဆွဲဖက်လိုက်ကာ... လူယုတ်မာအပြုံးကြီးနဲ့ နှုတ်ခမ်းတွေကို ရီဝေဝေစိုက်ကြည့်နေသည့် တေဇ။

" ဖယ်! သူများတွေမြင်ကုန်မယ် "

" မြင်ပါ့စေပေါ့..."

Forever And Ever [ Complete ]Where stories live. Discover now