အပိုင်း ( ၇ )

1.9K 148 0
                                    

( Unicode )

အိပ်ယာပေါ်မှာ လှဲအိပ်လိုက်ကာ ခြေထောက်နှစ်ဖက်ကို ခေါင်းရင်းဘက်က နံရံပေါ်ထောင်ထားလိုက်သည်။ လက်ထဲမှာ ကိုင်ထားသည့် ဖုန်းဖြစ် အဖေဖြစ်သူဆီကို ဖုန်းဆက်နေသည့် ရှန်သ။ သို့သော် ဘယ်နှစ်ကြိမ်ခေါ်ခေါ် တစ်ဖက်မှ ဖုန်းမကိုင်။

ရှန်သ အခန်းအပြင်သို့ထွက်လာခဲ့သည်။

" ပါးပါးနဲ့ဖုန်းပြောဖြစ်လား မားမား...တေဇအဖေတောင် ပြန်လာပြီးကို....ပါးပါးပြန်မလာတာ ၅ လလောက်ရှိပြီးထင်တယ် "

" ပြော...ပြောဖြစ်ပါတယ် "

" အခု ဘယ်နိုင်ငံမှာလည်း မားမားသိလား "

" ထိုင်း...ဟုတ်တယ် ထိုင်းမှာ "

ဘာလို့ လိမ်ပြောနေတာလဲ မားမား။ ကျွန်တော်သိတယ် ဒီရက်ပိုင်းအတွင်း မားမား မျက်နှာမကောင်းတွေ၊ တိတ်တိတ်ကလေးငိုနေတာတွေကို။ တကယ်ပဲ ပါးပါး ဘာတွေဖြစ်နေတာလဲ။

သံသယစိတ်များကို မျိုသိပ်ရင်း ရှန်သ ဘာမှဆက်မေးမနေတော့ပဲ အခန်းထဲကိုသာ ဝင်လာခဲ့လိုက်သည်။

မနက်ဆို ကျောင်းသွားလိုက် ညနေဆိုအိမ်ပြန်လိုက်နှင့် နေ့စဉ်ဘဝကို ဖြတ်သန်းလာခဲ့သည့်မှာ ရက်သတ္တပတ်ခန့်ပင် ရှိပြီး။ ရှန်သ နေ့စဉ်ဘဝတွင်တော့ ဖခင်ဖြစ်သူ ပါဝင်ခြင်းမရှိခဲ့။ တေဇအဖေကိုမြင်လိုက်တိုင်း ပါးပါးကိုလွမ်းသည့်စိတ်က ပို၍တိုးလာသည်။

မိခင်ဖြစ်သူ၏ ညိုးနွမ်းနေသည့်မျက်နှာကြောင့် တဖြေးဖြေးနဲ့ ရှန်သ ၏ ပုံစံကလည်း အရင်ကလို ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွမရှိတော့ပေ။ စိတ်ရှုပ်ထွေးနေသည့် ပုံစံနှင့် ငြိမ်နေတက်သည်။

" ဘယ်သွားမလို့လဲ ရှန်သ "

နောက်ဆရာတစ်ဦးမဝင်ခန်း အတန်းထဲကထွက်သွားဖို့လုပ်နေသည့် ရှန်သ ကို ဘေးနားက ဟန်စစ်ကမေး၏။

" အတန်းမတက်ချင်တော့လို့ "

" ငါလည်းလိုက်ခဲ့တယ်လေ "

" တစ်ယောက်တည်းနေချင်လို့ "

ရှန်သ အတန်းမှထွက်သွားသည်။ ရှန်သ ထွက်သွားသည့်နှင့် ဟန်စစ် ကလည်း ဆရာဝင်မလာခင် A ခန်းဘက်ကို အပြေးသွားလေသည်။

Forever And Ever [ Complete ]Where stories live. Discover now