အပိုင်း ( ၁ )

9.3K 273 7
                                    

( Unicode )

မတ်လ ၃ ရက်နေ့။ ညနေခင်း ၄ နာရီ။

ကျူရှင်ချိန်ပြီးသည့်နှင့် ဆရာမကိုတောင်နှုတ်ဆက်ဖော်မရပဲ အပြင်သို့ပြေးထွက်လာသည့် ကောင်လေး။ သူ့စက်ဘီးကို ထောင့်ဖြုတ်လိုက်ပြီး တစ်ဟုန်ထိုးနင်းထွက်သွားသည်။ ။ အိမ်ပြန်ချင်ဇောက ဘယ်လောက်တောင်များနေလဲ မသိ။ မြို့ငယ်ကလေး ဖြစ်သည့်အလျောက်  ကား၊ဆိုင်ကယ် ရှင်းသည့်လမ်းမို့လို့သာ ထိုကောင်လေး အန္တရာယ်မရှိပေ။

စက်ဘီးဘေးမှ ဖြတ်သွားသည့် ကားကြီးတစ်စီး။ အနောက်၌ ပစ္စည်းတွေအများကြီး တင်ထားတာကြောင့် အိမ်ပြောင်းလာကြဟန်ပင်။ ကားခေါင်းခန်းမှာ ထိုင်နေသည့် ကောင်လေး နှင့် စက်ဘီးပေါ်မှ ကောင်လေးတို့ အမှုမဲ့အမှတ်မဲ့ အကြည့်စုံမိသွားသည်။

ကားပေါ်ကကောင်လေးက သူ့ကိုစိုက်နေတာကြောင့် ယောင်နနနဲ့ ပြုံးပြလိုက်မိသေးသည်။

စက်ဘီးအရှိန်နှင့်ကားအရှိန် အလွန်ကွာခြားသည့်မို့ ခဏလေးအတွင်းမှာပဲ ထိုကားကြီး မျက်စိအောက်ကပျောက်ကွယ်သွားသည်။

" အခု ဒီနေရာက အဖေတို့အိမ်ပဲ "

အဖေဖြစ်သူ၏ စကားကြောင့် ၁၂ ထပ်ရှိသည့် တိုက်ကြီးကို ကောင်လေးကမော့ကြည့်ရှာသည်။ သူတို့နေရမည့်တိုက်ခန်းကတော့ အောက်ဆုံးအလွှာက တိုက်ခန်းပင်။

ကားပေါ်မှ ပစ္စည်းတွေကိုအိမ်ထဲသို့ရွေ့နေကြတုန်းမှာ ကောင်လေးက ပတ်ဝန်းကျင်ကိုလေ့လာရန် ထွက်လာခဲ့သည်။ နေရာအသစ်မို့ စိမ်းသပ်သပ်တော့ဖြစ်နေခဲ့သည်။ သို့သော် သူတွင် ကြောက်စိတ်တော့ရှိမနေခဲ့။

သူ့တက်ရမည့်ကျောင်းနှင့်လည်း နီးကာ ပတ်ဝန်းကျင်ကလည်း ဆူညံခြင်းမရှိ။ စိတ်ငြိမ်ရပ်ကွက်ကလေးမို့ သဘောကျစပြုလာသည်။

" ဟေး!! အရှေ့က ဘေးဖယ် ဘေးဖယ် "

ဒယိမ်းဒယိုင်နဲ့ သူဆီတည့်တည့်လာနေသည့် စက်ဘီး။ ဒီတိုင်းရပ်ကြည့်နေကာ တိုက်ခံနီးလေးမှ အနောက်ဆုတ်လိုက်သည့်မို့ သူကတော့ဘာမှမဖြစ်ပေမယ့် စက်ဘီးအရှိန်လွန်ကာ မှောက်ကျသွားသည်။

Forever And Ever [ Complete ]Where stories live. Discover now