အပိုင်း ( ၈ )

1.9K 166 4
                                    

( Unicode )

ကျောင်းသွားလိုက်၊အိမ်ပြန်လိုက်၊ဂိမ်းဆိုင်သွားလိုက်၊စာအုပ်ဆိုင်သွားလိုက်နဲ့ပင် စာသင်နှစ်ဝက်သို့ ရောက်ရှိလာခဲ့တော့သည်။အခုလည်း အရှေ့မှာဆရာ စာသင်နေသော်လည်း ရှန်သ ၏စိတ်တို့က စာထဲ၌မရှိသည်။

စာကလွဲရင် ဘာလို့ အရာအားလုံးက စိတ်ဝင်စားစရာကောင်းနေရတာလဲ။

" ကဲကဲ... မကြာခင် နှစ်ဝက်စာမေးပွဲဖြေမယ့်ရက်ကို အတိအကျသတ်မှတ်ပေးတော့မယ်။ မင်းတို့အားလုံး အလေလိုက်မနေပဲ အခုကတည်း စာမေးပွဲအတွက်ပြင်ဆင်ထားကြတော့ "

စာမေးပွဲ ဆိုသည့် အသံကိုလည်းကြားကော ကျောင်းသားတွေအကုန်လုံးလည်း ငြီးငြူကုန်ကြတော့သည်။

" ငါတို့တော့ နောက်နှစ်လည်း ဒီအတန်းမှာပဲ ဆက်နေရဦးမယ်ပုံပဲ "

ဟန်စစ် ၏ အားတက်စရာကောင်းသည့် စကား။

" ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်တဲ့ကွ အချိန်အများကြီးရှိပါသေးတယ် အေးဆေးပေါ့ "

အခုဆို ရှန်သ ၏ ဘဝလေးက ပုံမှန်ပြန်ဖြစ်လို့နေပြီး။ သူ့မားမားက ကွာရှင်းဖို့လက်ခံလိုက်တာကြောင့်ပင်။ အရင်ကတည်းက သားအမိနှစ်ယောက်တည်းသာ နေခဲ့ကြသည့်မို့ မိဘတွေကွာရှင်းလိုက်တော့ ဘာမှထူးထူးခြားခြားပြောင်းလဲသွားတယ်မရှိ။

" မကြိုးစားပဲနေတာတောင် ခွေးဖြစ်နေတာ ကြိုးစားရင် အရူးလို့ပါအထင်ခံရမှာလေ "

စာမေးပွဲနီးမှ စာမလုပ်မိလို့ နောင်တရနေကြသည့် အဖွဲ့ကသပ်သပ်ကိုပင်ရှိသည်။ နောင်တရလို့ စာလုပ်လားဆိုတော့လည်း မလုပ်။

" အဲ့ဒီ ကျက်သရေမရှိတဲ့စာမေးပွဲအကြောင်းထားလိုက်ပါ ငါတို့ဒီနေ့ဘာစားကြမလဲ "

စာမေးပွဲကသူဟာသူ အောင်ချင်အောင်မအောင်ချင်နေ ရှန်သ တို့ကတော့ ဗိုက်ပြည့်ဖို့ကပိုအရေးကြီးသည်။ စာသင်ချိန်ကုန်တာနဲ့ ဆရာတောင်မထွက်သေး နှစ်ယောက်သား အရှေ့ကနေပြေးထွက်သွားကြလေသည်။

" ဟေ့ကောင် ဟိုဟာ တေဇ မလား "

ဟန်စစ် ပြသည့်နေရာကို ကြည့်ကြည့်တော့ တေဇနှင့်ကောင်မလေး တစ်ယောက်ရပ်နေတာကိုတွေ့လိုက်သည်။ ရှန်သ စိတ်ထဲအလိုမကျဖြစ်သွားသည်။ တေဇ ကဘယ်ကောင်မလေးနဲ့မှ အခုလို စကားကြာကြာပြောဖူးတာမဟုတ်ဘူး။ သူငယ်ချင်းဆိုလို့လည်း ရှန်သ တစ်ယောက်
တည်းသာရှိသည်။

Forever And Ever [ Complete ]Where stories live. Discover now