အပိုင်း ( ၉ )

2K 157 0
                                    

( Unicode )

ယနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် စောစောထရန်မလိုပင်။ အခုဆို မနက် ၁၀ နာရီထိုးနေပြီးဖြစ်သော်လည်း ရှန်သ ကို မည်သူကမှ လာမနှိုး။

" အိပ်ရေးဝဝ အိပ်ရတာကအကောင်းဆုံးပဲ "

ဆူညံသံတွေမရှိတဲ့ ရှန်သ ၏ မနက်ခင်း။
အိပ်ယာနိုးသည့်နှင့် ဒီနေ့ဘာလုပ်ရမလဲဆိုတာကို ရှန်သ ခေါင်းထဲတန်းစီတွေးနေမိသည်။မျက်နှာ၌ အဓိပ္ပာယ်ပါတဲ့ အပြုံးကိုပြုံးလိုက်ပြီး ရေမိုးချိုး ပြင်ဆင်ရန်အတွက် အိပ်ယာထဲမှ ထလိုက်သည်။
ကျောင်းပိတ်ရက်ကိုကောင်းကောင်းအသုံးချရမှာပေါ့။

အပြင်ထွက်လည်မှာမလို့ ရှန်သ မှန်အရှေ့၌ သူဆံပင်ကိုသေချာပြင်ဆင်နေလေသည်။ ထုတ်ထားသည့် Over Size T-Shirt ဗြောင်အဖြူရောင်လေးကို ဘောင်းဘီအတိုလေးနဲ့ တွဲဝတ်လိုက်တယ်။

အခန်းအပြင်ကိုထွက်လာကာ အမေဖြစ်သူပြင်သွားပေးသည့် မနက်စာကိုနေ့လယ်စာအဖြစ်ပေါင်းစားလိုက်သည်။ စားနေရင်း ဘေးနားကဖုန်းကို လှမ်းယူလိုက်ကာ ' အောက်ထပ်ကကောင် ' ဆိုသည့် contact ကိုနှိပ်လိုက်သည်။

" Hello "

" မင်းဘယ်မှာလဲ "

" အိမ်မှာပဲပေါ့ "

" အပြင်သွားကြမယ် မင်း ပြင်ဆင်ချိန် ၅ မိနစ်ရမယ်။ ငါတိုက်ရှေ့မှာစောင့်နေမယ် ဒါပဲ "

ရှန်သ သူပြောချင်ရာပြောပြီး ဖုန်းကိုအရင်ချပစ်လိုက်သည်။ ထိုနောက် ဘေးလွယ်အိတ်အမည်းကိုလွယ်လိုက်ပြီး တိုက်အောက်သို့ ဆင်းလာခဲ့သည်။ ကျောင်းဝတ်စုံနဲ့မဟုတ်တာကြောင့် ရှန်သ ပုံစံလေးက လွတ်လပ်ပေါ့ပါးသည့် လူငယ်တစ်ဦးလိုပင်။

တိုက်အောက်ကိုရောက်တော့ အရှေ့မှာ ရပ်စောင့်နေသည့် တေဇ ကိုတွေ့လိုက်ရသည်။ တေဇ ပုံစံက ဘယ်လောက်တောင် မြန်မြန်ပြင်ဆင်လာရလို့လဲမသိ အင်္ကျီကကြေမွနေကာ ခေါင်းတောင်မဖြီးထားသည့် ပုံနှင့်ပင်။

" မင်းခေါင်းမဖြီးခဲ့ဘူးလား "

" ၅ မိနစ်ပဲ အချိန်ရမယ်ဆို "

" ဆံပင်ကိုသွားပြန်ပြင်လိုက် ငှက်သိုက်ကြီးကျနေတာပဲ ငါစောင့်နေမယ် သွား "

Forever And Ever [ Complete ]Where stories live. Discover now