5

1.6K 246 5
                                    

ရုပ်ရည်သွင်ပြင်သည် အတိုင်းအတာတစ်ခုအထိ လူတွေကို ခွန်အားတစ်မျိုးဖြစ်ပေါ်စေသည်ဆိုတဲ့စကားအတိုင်း ယခုအချိန်တွင် သင်တန်းသားများ၏ အာမေဋိတ်သံသည် လင်းယန်ရန်၏အသွင်အပြင်နှင့် ခွန်အားကို သဘာဝအတိုင်း အလိုအလျောက် အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။

သင်တန်းသားများနှင့် ခဏတာ အပြန်အလှန် ဆွေးနွေးပြီးနောက် မှတ်ချက်ပေးထိုင်ခုံဆီသို့ လျှောက်သွားခဲ့သည်။

သူလျှောက်လာတာကိုမြင်တော့ ထောင်ထောင်က ချက်ခြင်းထရပ်ကာ သူမအနားကို လာဖို့ လက်ယမ်းပြ၏ ။

ဟန်ကျွယ်သည် လင်းယန်ရန်ကိုမြင်သောအခါ သူ့မျက်နှာတွင် ဘာအမူအရာမှမရှိသော်လည်း နှုတ်ဆက်သည့်သဘောမျိုးဖြင့် ခေါင်းညိတ်ပြလာသည်။

အလယ်တွင်ထိုင်နေသော ဖိန်ချုံတစ်ဦးတည်းသာလျှင် လင်းယန်ရန် ချဉ်းကပ်လာသည်ကိုမြင်လျှင် မနှုတ်ဆက်ချင်သဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာကိုခေါင်းငုံ့လျက် သူ့ကို မမြင်ချင်ယောင်ဆောင်ထားလေသည်။

သူလည်း ဒီအပြုအမူကို စိတ်ထဲမထားပါဘူး။မင်းမျက်နှာက မင်းမျက်နှာပေါ်မှာပဲရှိနေပြီး မင်း *င်ကလည်း မင်းနောက်ကျောမှာပဲရှိနေသေးတာ သိသာထင်ရှားတယ်လေ။ဒါ့ကြောင့် ထူးပြီး အံ့ဩမနေ‌‌

တော့ပေ။

(T/N - အဇူးလည်း ဒီနေရာကို သိပ်နားမလည်ပါဘူး )

လင်းယန်ရန် မျက်လုံးလှိမ့်လိုက်ပြီး မျက်လုံးထောင့်နားလေးမှာရှိတဲ့ ဖိန်ချုံကို တချက်ကလေးတောင် လှမ်းမကြည့်ဘဲ ဖြတ်ကျော်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် နည်းပြဆရာများ၏ထိုင်ခုံကို နှစ်ခုစီ နဲ့ နှစ်နေရာခွဲကာနေရာချထားပြီး လင်းယန်ရန်သည် ထောင်ထောင်၏ဘေးမှလွတ်နေသောခုံတွင် ဝင်ထိုင်လိုက်သည်။

သူထိုင်ချလိုက်သည်နှင့်တပြိုင်နက် ထောင်ထောင်က သူ့မျက်နှာကိုပြုံး၍ကြည့်ကာ ခေါင်းညိတ်ပြလာပြီး

"ယန်ရန် ၊ မင်းဒီနေ့အရမ်းချောတာပဲ!! ရှိုးရိုက်ပြီးရင် ငါနဲ့ဓာတ်ပုံတွဲရိုက်ဖို့မမေ့နဲ့နော်။ငါ့ပရိသတ်တွေမြင်အောင် ကြွားချင်လို့!"

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now