အပိုင်း {၁}

8.3K 393 242
                                    

" ဒီနေ့ တို့ ကျောင်းကို ကျောင်းအုပ်အသစ်ရောက်မယ်တဲ့၊ နင် မေ့နေသလား''

" မမေ့ပါဘူး သိတယ်လေ''

" သိရင် ရှင့် ကျောင်းသားလေးကို ဘာလို့ဒီတိုင်းထားသလဲ''

ဆရာမ ပြောလာမှ သူမ ကော်ရစ်တာမှာ လက်မြှောက်နေတဲ့ ကျောင်းသားလေးထံ အကြည့်ရောက်သွားရသည်။
ဖြူဖြူဥဥ ကျောင်းသားလေးက ခေါင်းကို အတွင်အတွင်အုံ့၍ အတိအကျဆိုရသော် အောက်နှုတ်ခမ်းကို ပြတ်ထွက်မတက် ကိုက်ခဲထားသည်။
ပြောရရင် ကျောင်းသားလေးဟာ ရှက်နေတာပင်ဖြစ်၏။

မရှက်ဘဲနေမလား။ သေချာတာတော့ ရှက်နေမှာဘဲ။
ဒီကလေးက အရှက်လည်းကြီးတယ်လေ။
ဒါကိုက ဒီကလေးအတွက် အကောင်းဆုံးဖြစ်ဖို့ သူမ ,ရွေးချယ်ခဲ့တာပင်။ ဘာလို့ဆို ရှက်ရွံ့ပြီး၊ ကြောက်ပြီး စာရအောင်လို့။

လူတစ်ယောက်က ရှက်စိတ်ကြောင့် မမှတ်နိုင်တာကိုလည်း မှတ်နိုင်တယ်။ မလုပ်ရဲတာကိုလည်း လုပ်နိုင်တယ်။
ဒီကလေးလည်း ဒီရှက်စိတ်ကြောင့် စာပိုမှတ်ပြီး ၊ ရအောင်ကျက်နိုင်လိမ့်မယ်။

ဆရာမရဲ့ စေတနာတွေကို ဒီ ကလေး နားလည်ကောင်းပါရဲ့။

သူမ သည် ကျောင်းသားလေးဆီမှ အကြည့်ပြန်ရုပ်၍ ဘက်လက်ဖျံထက် ပတ်ထားသော လက်ပတ်နာရီကို တချက်ကြည့်ရင်း အထိုသို့ ပြန်ပြောသည်။

" နောက် ဆယ့်ငါးမိနစ်ပါဘဲ ၊ ဒါပြီးရင် ကလေးရဲ့ အပြစ်ဒဏ်ပြီးမြောက်တော့မှာပါ''

တစ်ဖန် ကျောင်းသားငယ်ဆီသို့ ပြန်ကြည့်မိသောအခါ
တုန်ရီနေသော ဒူးနှစ်ဖက်ကို မတုန်ရီရန်အလို့ငှာ ထိန်းချုပ်နေဟန်တူသည်။

ဒီကလေးငယ် ကော်ရစ်တာမှာ လက်မြှောက်ရပ်နေရတာ
တစ်နာရီတိတိပြည့်တော့မယ်။

" ဒါဖြင့်လည်း ပြီးတာပါပဲလေ''

ဆရာမသည် ထိုသို့ ပြော၍ လက်ထဲက မှင်နီဘောပင်ဖြင့်
ကျောင်းသားများထပ်ထားသော စာအုပ်များကို စစ်ဆေးလျက်၊
ပြတင်းတံခါးမှ လေကြမ်းများဝင်ရောက်လာသောအခါ
အစိမ်းရောင်လိုက်ကာစတွေ လွှင့်ခါကုန်သည်။

မေတ္တာဋီကာ [ Completed ] Where stories live. Discover now