မေတ္တာတွေထဲ
ချစ်ခြင်းမေတ္တာသည်သာ နွေးထွေးရာဖြစ်သည်။
ပေးချင်တိုင်းလည်းပေးလို့မရဘူး။
ချစ်ခြင်းမေတ္တာက လူရွေးတယ်။****
ဤအခန်းအတွက် ဖွင့်လှစ်ချက်
[ ဇာတ်ကောင် ဒိုင်နမိုကြည်မင်း အစားခံလိုက်ရခြင်း]______
" ဆရာ့နှုတ်ခမ်းတွေ. . စုတ်ပြတ်သပ်သွားအောင် နမ်းပေးပါ ကလေးလေး''
ဂျီမင်း ဆရာ့၏ စကား၊ တနည်းအားဖြင့် တောင်းဆိုမှုအား
မည်သို့မည်မျှ အဖြေပြန်မပြုခင်
ဆရာ့၏ လက်ချောင်းများသည် သူ၏ ခေါင်းထက်မှ ဆံနွယ်များကြား ကူးလူးနေလျက်ရှိသည်။တောင့်တင်းတဲ့ ရင်အုပ်၊ ဖြောင့်တန်းတဲ့ ပခုံးနှစ်သွယ်၊
တံတောင်ဆစ်ထိ ခေါက်တင်ထားလျက်ရှိတဲ့
အဖြူရောင် ကျောင်းအင်္ကျီကြောင့် လက်ဖျံထက်မှ သွေးကြောစိမ်းမြမြများဟာ ရူးချင်စရာကောင်းလောက်အောင်
ဖြာထွက်နေသည်။ချစ်တယ် ။
ဆရာ့ကို ချစ်ရလွန်းလို့ ရူးတော့မှာပဲ။ဆရာ့မျက်ဝန်းနှစ်ဖက်သည် မှေးစင်း၍
အတိအကျဆိုရသော် သူ၏ အဖြေအား စောင့်ဆိုင်းနေပုံရသည်။
သို့ကြောင့် ဂျီမင်း မြန်မြန် အဖြေပြုရ၏။
၎င်းဟာ အငြင်းတစ်ခု တည်ဆောက်ထားသော
ဝါကျဆိုသော်ငြား အထိုသို့ လုံးလုံးလျားလျား တည်ဆောက်ထားခြင်းတော့ မဟုတ်ပေ။" ရုံခန်းကြီးမှာလေ. . ကိုကိုဆရာရယ်၊
နမ်းလို့မသင့်လျော်ဘူး ''ဂျီမင်း၏ ယင်းသို့စကားအဆုံး
ဆရာ့ထံမှ ကပ်လျက်တန်ပြန်စကားသည် ပြတင်းတံခါးမှ တိုးဝင်လျက်ရှိသော လေထုနှင့်အတူ နားအတွင်းသို့ ဝင်တိုးသည်။
လွှင့်ခါနေတဲ့ လိုက်ကာစ, တွေလိုမျိုး၊ သူ့ရင်ဟာ တလျှပ်လျှပ်။ဤဆရာ့မျက်နှာကို အမြဲ အနီးကပ်မြင်နေရတာတောင်မှ
နှလုံးခုန်နှုန်းက နေသားမကျသေးဘူး။" ဘာလို့မသင့်လျော်ရမှာလဲ၊
ကိုကိုကတော့ နမ်းချင်တယ်၊၊ နမ်းပေးပါ ကလေးလေးရဲ့''