ချစ်ခြင်းဖြင့် ချည်မယ့် ကြိုးကလေး. .
ခိုင်၍ မြဲစေ။
မြဲ၍ မြံစေ။****
အချိန်အားဖြင့် ညနေ နေဝင်ရိုးရီ။
ဂျောင်ကု လက်ထဲမှ ရေဖျန်းပုံးအား ခေတ္တခန ရပ်၍
တံစက်မြိတ်အောက်နားဆီမှ အုတ်ခုံအမြင့်ပေါ် တင်ထားလိုက်သည်။ရေဖျန်းထားသည်ကြောင့် သစ်ခွပန်းပွင့်အဖတ်များအပေါ်
ရေစက်ပေါက်များသည် စိန်ပွင့်ကဲ့သို့ ဖြစ်ချေသည်။ဤဟာ လှလှပပ အသွင်ဆောင်သည်။ပွင့်ဖက်များပေါ်မှ
ရေစက်ပေါက်များ အောက်သို့ကျဆင်း၍ အထိုအောက်မှ တဖန် မြေကြီး၌ ရေစက်ကျရာ
အချိုင့်လေးများ ထင်းနေသည်။ညနေသည် သာသာယာယာ ရှိလှသည်။
သာယာသော ယင်းအခြေအနေကြား ဂျောင်ကုထံမှ သက်ပြင်းရှိုက်သံ တစ်ချက်ဖြင့် အထိုအေးချမ်းမှုအား ဆူညံစေ၏။
သူ၏ မျက်လုံးများသည် အိမ်ခြံတံခါးအပေါက်ဝဆီသို့သာ
တွယ်ကပ်နေမြဲ။ နားရွက်နားဘက်တွင်းမှ နားစည်သည် စက်ဘီးခြေနင်းသံ သို့တည်းမဟုတ် သာယာနာပျော်ဖွယ် အသံငယ်လေးအတွက် စွင့်ကားနေလျက်ဖြင့် ၎င်းသည် တစ်စုံတစ်ဦးအား စောင့်ဆိုင်းနေသည်ပင် ဖြစ်ချေသည်။စင်စစ် ဂျောင်ကု ယင်းကဲ့သို့ ညနေတိုင်း စောင့်နေရသည်မှာ
နှစ်ရက် အတိအကျ နှစ်ညနေ ရှိနေခဲ့ပြီဖြစ်၏။နှစ်ရက်ဆိုသော နာရီ စက္ကန့် အရေအတွက်များကြား
နှစ်ပေါင်း တစ်သန်းလောက်ထိပင် ရှည်ကြာသယောင် ရှိခဲ့သည်။ဤကား ကလေးငယ်လေး စိတ်ကောက်တာအမှန်ပင်ဖြစ်ကြောင်း ဂျောင်ကု လုံးလုံးလျားလျား သိရှိလိုက်ရသည်။ တပြိုင်နက် နှလုံးအိမ်ဟာ အုံခဲ၏။ တဆက်တည်း ကြည်နူးရပြန်သေးသည်။
တနေ့က အနှီကလေးလေး ပုံစံမျက်စိထဲ မြင်မိပြန်တော့
အသည်းတွေ ကလိကလိ ဂျလိဂျလိ ဖြစ်လာရော။အသည်းယားလွန်းလို့ ညစ်ညစ်ပတ်ပတ်တွေ လုပ်ပစ်ချင်စိတ် တဖွားဖွားနှင့် ဂျောင်ကု အထိုနေ့က အတော်ပင် အသည်းတွေယားခဲ့သည်။အတိအကျပြောရရင် ဆဲလ်တွေထကြွလွန်းလို့ တော်တော့်ကို ချုပ်တည်းခဲ့ရသေး၏။