အပိုင်း{၁၁}

2.5K 194 220
                                    

အနမ်းတွေနဲ့ ကုန်ဆုံးသွားတဲ့
ပြက္ခဒိန်နေ့စွဲတွေ. . .

*****

..
" မင်းကို ချစ်တယ် ကလေးလေး''

ဆရာ့၏ မျက်လုံးငယ်ထဲတွင်
နူးညံ့မှုအပြည့်ပါသော ချစ်ခြင်းများသည် ယိုဖိတ်ကျနေသည်အလား၊ ဂျီမင်း အမိအရ ထိုနူးညံ့မှုများအား ဖမ်းဆုပ်နိုင်၏။

တစိမ့်စိမ့် ကြည့်ရင်း ဤသို့ ဖွင့်ဟလာသော
စကားလုံး ခုနှစ်လုံးသည် သူ၏ အသည်းစိုင်အတွင်းသို့
နူးညံ့စွာ စီးဝင်သည်။ တပြိုင်နက် သူ့ကမ္ဘာဟာ ပန်းတွေပွင့်ရသည်။

တခါမျှ ဤကဲ့သို့ ချစ်ခြင်းဝန်ခံခြင်း ခံရသည်အား မကြုံဖူးခဲ့ရတာမို့၊ လူက ငိုချင်တာလိုလို ၊ သေးပေါက်ချင်တာလိုလို၊ အီးပေါက်ချင်တာလိုလို ဖြစ်ရသည်။ သို့ကြောင့် သူ ကိုင်ဆုပ်ထားဆဲဖြစ်သည့် ဆရာ့အင်္ကျီအစွန်းစ နှစ်ဖက်ကိုသာ လက်ဖြင့် ကျစ်ကျစ်ဆုပ်ကိုင်မိသည်။

သူ၏ ပြန်အဖြေ၊ သို့မဟုတ် ၊ စကားသံအား
ဆရာဟာ မျှော်လင့်တကြီး စောင့်မျှော်နေပုံရသည်။ မဟုတ်။ စောင့်ကိုစောင့်နေတာပင်။

၎င်းအတွက် ဂျီမင်းတွင်
အဖြေရှိနှင့်ပြီးသားဖြစ်သည်။ သို့သော်ငြား သူဟာ အထိုသို့ ပြန်ဖြဖို့ရာ တုံ့ဆိုင်းနေပြန်၏။
သူ့မှာ မူယာမာယာလေးများပိုချင်နေမိသေးသလား။
အားး အဲ့လို ပိုလိုက်မှ ဆရာ့ကို သူများခိုးသွားရင် ဘယ်လိုလုပ်မလဲ ။ ဒီကလေးလေး တစ်ခါတည်းဂေါက်သွားရလိမ့်မယ်။

အဖြေမပေးဘဲ မျက်လုံးအိမ်ငယ်အား
ဟိုဒီရွေ့လိုက်၊ မျက်တောင်တိုတိုများကို ပုတ်ကလပ် ၊ ပုတ်ကလပ် လုပ်နေသော အနှီကလေးငယ်သည် ဂဏှာမငြိမ် မည်သည်များအားတွေးနေတယ် မသိပေ။

အသို့ကြောင့် ဂျောင်ကု သူ၏ လက်ချောင်းရှည်ရှည်များအား
စေခိုင်းကာ ကလေးငယ်၏ ပခုံးအား ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
ယင်းနောက် မျက်နှာငယ်အား တစိမ့်စိမ့်ကြည့်ရင်း
ဤသို့ ပြော၏။

မေတ္တာဋီကာ [ Completed ] Where stories live. Discover now