ဋီကာရဲ့ စတုတ္ထစာကြောင်းတွေက ဒီလိုဖော်ပြခဲ့တယ်
ဆရာပွေ့ဖက်ခဲ့တာ ကျွန်တော့်ကို မဟုတ်ဘူး
ကျွန်တော့် နှလုံးသားကို... တဲ့*****
" ဆရာ~ နွေးအောင် ဖတ်ထားပေးမှာမို့ ငြိမ်ငြိမ်နေပေး
ကလေးလေး''စကားနှင့်တပြိုက်နက်
ဂျောင်ကုသည် တုန်ရီနေသော ကလေးငယ်၏ တစ်ကိုယ်စာ ကိုယ်ခန္ဓာသေးသေးလေးအား အနောက်မှ သိုင်းဖက်လိုက်သည်။
အစိုးမရသော သူ၏ လက်ချောင်းများကြား ကလေးလေး၏
ကိုယ်ငယ်သည် ငြိမ်သက်၍ ကျောပြင်သည် သူ့ရင်ဘတ်အား
ထိကပ်နေလျက်ရှိ၏။သူ့ရင်ခွင်ထဲ မလှုပ်မယှက် ငြိမ်သက်နေပုံအရ
ကလေးငယ်ဟာ သူ့အား အားနာနေသည်လား၊ မည်သည့်အကြောင်းရှိသေးသည်လား သူသေချာမသိ။အဘယ်သို့ မျက်နှာလေးအား ပြုမူနေတယ်ဆိုသည်ကိုလည်း
သူမသိပေ။ သူသိနေတာသည် ချမ်းအေးနေသော ကလေးငယ်အား
နွေးထွေးစေဖို့.. ၊ ဒါကိုပဲ သူသိခဲ့သည်။ကလေးငယ်လေး တုန်ခိုက်နေတာကို
သူ လစ်လျူမရှူမိရက်ဘူး။အလားတူစွာ ခြေဖဝါးလေးတွေပွန်းပဲ့သွားမှာကို ခွင့်မပြုခဲ့ဘူး။
နှုတ်ခမ်းသားတွေ အပေါ်အောက်ရိုက်ခတ် တုန်ဆတ်နေမှာကိုလည်း
သူ မဖြစ်စေချင်ခဲ့ဘူး။မိုးသည် သည်းမည်းနေဆဲ။
သူသည် ကလေးငယ်အား ထွေးဖက်ထားဆဲ။မေတ္တာရေယဥ်ကြောမှာ..
ဋီကာစာကြောင်းတွေသည်. . .ဤသို့ ထင်ကျန်ခဲ့သည်။______________________________________
" မိုးမိထားတာ... စာသွားသင်လို့ဖြစ်ပါ့မလား''
ဒါသည် ဂျီမင်း ဒေါ်ဒေါ်ဆီမှ စကားသံဖြစ်သည်။ စိတ်ပူမှုတွေ အပြည့်ဖြင့် လေသံငယ်ဟာ အကြောင်းမဟုတ်။
ဤစကားသံအသွားအလာအားဆိုရသော်..
ဂျီမင်းသည် မိုးရေအများကြီးစိုရွှဲ၍ မိုးမိသည်နှင့် အဖျားတက်သည့် အကျင့်ရှိတာကြောင့်ပင်။မဟုတ်။ လွန်စွာ အဖျားကြီးတတ်တာဖြစ်၏။