ကောင်းကင်ပြာကို ဘယ်သူတွေဆေးခြယ်ခဲ့သလည်း ကျွန်တော် မသိဘူး။
ကျွန်တော့် ကောင်းကင်ကိုတော့ ဆရာကပဲ ဆေးရောင်ခြယ်ခဲ့တယ်..။ဋီကာရဲ့ ဆဌမစာကြောင်းများက ယင်းသို့ဆိုခဲ့၏။
******
"ဆရာ့ကိုရော မဖက်ချင်ဘူးလား ကလေးလေး''
ရင်ဘတ်ထဲ လိပ်ပြာတွေ ပျံသန်းသွားသလို၊ မည်သို့မည်ပုံ မဖွင့်ဟတတ်သော ခံစားမှုအား ဂျီမင်း ခံစားလိုက်ရသည်။
အတိုင်းမသိသော လက်ချောင်းများသည်လည်း အင်္ကျီစကိုသာ ဆုပ်ခြေဟန်ပြု၏။ဂျီမင်း ဆရာ့ရဲ့ ဤစကားကြောင့်
ရင်တွေပြောင်းဆန်ကုန်တယ်။ဤသို့ တိတ်ဆိတ်သွားခြင်းကို ဆရာကပဲ ဖြိုခွဲသည်။
ဆရာသည် ဆံပင်များအား နဖူးထက်လှန်တင်ထား၍
မညာတမ်းပြောရရင် သိပ်ချောနေတာပင်။" ဒီဆရာက စတာပါ. . ကြည့်ပါအုံး ငါ့ကလေးလေး နားရွက်တွေနီကုန်ပြီ''
ဆရာဂျောင်ကုက ယင်းသို့ ပြော၍ အောက်ငုံ့နေသော
ဂျီမင်းမျက်နှာအနား တိုးကပ်ကြည့်သည်။
အထို့ကြောင့် ပို၍ နှလုံးခုန်သံတွေမြန်ရသည်။သဘာဝကိုလွန်ဆန်ပြီး ကိုယ့်ကိုသင်ကြားပေးတဲ့ ဆရာ ကိုမှ
ချစ်မိသွားတဲ့ ကျွန်တော် ငရဲမှာဂျိုးတော့ မကပ်လောက်ဘူးမလား။ဆယ်ကျော်သက်အရွယ်လေးမို့ လေတိုက်တိုင်း ရင်ခုန်တယ်လို့ဆိုရင် ဆရာတိုက်တဲ့ လေပြည်လေးကြောင့်ပဲ. .
ဂျီမင်း၏ နှလုံးသားသစ်ရွက်လေးဟာ လွှင့်လူးတယ်။ဆရာဟာ ပဲ့ကိုင်ရှင် ။
အထူးသဖြင့် သူ၏ နှလုံးသားရဲ့ ပဲ့ကိုင်ရှင်။ငြိမ်သက်နေသည့် ဂျီမင်းအား ကြည့်ဆဲကြည့်မြဲဖြင့်
ဆရာသည် ယင်းသို့ ထပ်ပြောလာ၏။ ၎င်းကြောင့် ဂျီမင်းသည်
ခေါင်းကို ဖြေးညှင်းစွာ မော့လိုက်သည်။" ဆရာ့ကို မေးစရာတွေရှိနေတယ်မလား''
ဤအမေးအဆုံး ဂျီမင်းလည်း ယင်းကဲ့သို့ ပြောသည်။