မေတ္တာတရားကိုဘယ်မှာဖွေရှာ
နွေးထွေးသောအရပ်မှာရှာ...*****
ကျယ်လောင်သော မိုးခြိမ်းသံ ငြိမ်ကျသွားသော်ငြား
ကလေးငယ်သည် ကြောက်လန့်ကြီးစွာဖြင့် သူ့ရင်ခွင်ထဲ ခိုဝင်နေလျက်ရှိသည်။တသိမ့်သိမ့် တုန်နေသော ကျောပြင်လေးအား ခပ်ဖွဖွပုတ်ပေးရန်
ဟန်ပြင်ပြီးမှ သူ့လက်ကို အထိုသို့ စေခိုင်းခဲ့ခြင်းမပြုခဲ့တော့။သို့ပေသည့် ဖယ်တော့ ဟူ၍လည်း မပြောနေသေးပြန်။
ပြောရရင် ဂျောင်ကု သည် ဒီကလေးငယ်အပေါ်
ဖခင်စိတ်ဝင်မိသလိုလို ရှိလှသည်။ဒါပေမယ့်လည်း သူ့စိတ်တွေက တိတ်ဆိတ်နေဆဲ။
သို့ကြောင့် ငြိမ်သက်စွာနေနေလိုက်၏။
အတန်ငယ်ကြာတဲ့အထိ ဒီအတိုင်း ငြိမ်ပေးထားလိုက်သည်။
မိုးကလည်း သည်းသည်းမဲမဲ ရွာချနေဆဲ၊ နာရီသံဟာ တဂျက်ဂျက် ရွေ့လျားနေဆဲ။ စင်စစ် ဒီကလေး အထိုအတိုင်းပြုမူနေသည်မှာ
မိနစ်အနည်းငယ်ကြာနေပြီဖြစ်သည်။ကျောင်းသားတစ်ယောက်အတွက် အချိန်တွေဟာ ရွှေထက်အဖိုးတန်သည်ဆိုသလိုပဲ ဒီကလေးငယ်၏ အချိန်တွေအလကား ကုန်ပစ်သွားမှာကို သူ မလိုလားပေ။
သို့ပေသည့် သူ မဖယ်ခိုင်းခင် လက်တစ်ကမ်းအလို
လှုပ်ရွလာသည့် ကလေးငယ်ကြောင့် ပြောမည့် စကားလုံးများအား
မျိုချထားလိုက်တော့သည်။ဒီလို သူ့ဘာသာသူ ဖယ်သွားတော့လည်း
အဆင်ပြေတာပဲလေ။ဂျီမင်း စံပယ်နံ့သင်းသော ရင်ခွင်မှ ရုန်းထွက်ဟန်
ကိုယ်ခန္ဓာကို ခွဲခွာလိုက်သည်။ နွေးထွေးလှတဲ့ ရင်ခွင်ကျယ်ထဲ ဂျီမင်းသည် ရုန်းမထွက်နိုင်လောက်အောင် ခိုကိုးချင်ခဲ့သည်။စင်စစ် ဂျီမင်းသည် မေတ္တာငတ်နေခဲ့ရသူဖြစ်၏။
အဘက်ဘက်မှ မေတ္တာတွေ ၊ နွေးထွေးမှုတွေ ရချင်ခဲ့သော်ငြား
သူဟာ အထိုသို့ပင် မထိုက်တန်ခဲ့၍လားမသိချေ။
အရွယ်ရောက်လို့ ကျောင်းစာသင်ခန်းဆီ ရောက်သော်လည်း
တီတီတာတာ မေတ္တာသံယောဇဥ်တွယ်မည့် သူငယ်ချင်းလည်း
သူ့မှာမရှိ။