ဆရာကတော့ ဘာရယ်မဟုတ်ဘူး ပြောလိုက်တာပဲ
ကျွန်တော့် နှလုံးသားက အဲ့မှာ စခုန်တယ်..
ဋီကာရဲ့ ပဥ္စမစာကြောင်းတွေကို ဤသို့ ဖွဲ့၏...*****
"မင်း အဖျားငွေ့တွေ လျှော့သွားအောင်လို့
ဆရာ့ ရင်ခွင်မှာ အိပ်စက်လိုက်ပါ ကလေးလေး''
ဂျီမင်း မငြင်းဆန်နိုင်ခဲ့ပေ။
ဆရာက ဒါဆို ဒါကိုပဲ လုပ်မယ် ဟု မျဥ်းဆွဲထားသလို၊ ဂျီမင်းသည် အထိုအတိုင်း လိုက်နာခဲ့ဟန်တူသည်။စံပယ်နံ့သင်းသော ဆရာရင်ခွင်ထဲ ကလေးသဖွယ် တိုးဝင်ခိုနားရင်း
ဆရာ၏ လက်ချောင်းများဆီမှ နူးညံ့သော ပွေ့ဖက်ထားမှူကြား
နွေးထွေးမှုဟူသော မေတ္တာတရားအား ခံယူရင်း
မျက်လွှာနှစ်ဖက်အား အသာမှေးစေ၏။အဖျားငွေ့ကြောင့် အသက်ရှုရာတွင်
နှာခေါင်းမှ လေပူများထွက်သည်အား ခံစားရသည်။
အဖျားငွေ့ရှိသေးသော ဂျီမင်းကိုယ်ငယ်သည်
ဆရာဂျောင်ကု၏ ရင်ခွင်ကျယ်ထဲ နစ်မြှပ်နေလျက်၊ ဂျီမင်းသည် အိပ်စက်ခြင်းဟူဆီသို့ တိုးဝင်ခဲ့တော့၏။ဘုရားသခင်. . .
ကျွန်ုပ်ကို အလင်းပြလှည့်ပါ။
ဆရာ့ကို ကျွန်တော် ချစ်မိသွားခဲ့တာလား..။ဝင်လေထွက်လေ ပူနွေးနွေးသည် ဂျောင်ကု၏
ရင်ဘတ်အား ရိုက်ခတ်နေလျက်ရှိသည်။
သခွားမွှေးနုရောင် ဆွယ်တာလေးနှင့် ကလေးငယ်သည် အဖျားငွေ့အရှိန်ဖြင့် အိပ်ပျော်သွားဟန်တူသည်၊ စီးချက်ကျကျ အသက်ရှူသံအား ကြားရသည်။အဘယ်ကြောင့်များ သူ ဒီကလေးငယ်ကို
ယင်းသို့ ပြုမူနေမိသလဲ ၊ အဘယ်ကြောင့်များလဲ
ယခု သူဟာ ဂျွန်ဂျောင်ကုဟူသော အမြဲရုပ်တည်နှင့်အရိုက်ကြမ်းသည့် ကျောင်းအုပ်ကြီးရော ဟုတ်ပါရဲ့လား။ဒီကလေးငယ်ကိုဆို ဆူငေါက်ဖို့လည်း သူ မဆူပစ်ခဲ့ရဲ။
ရိုက်ဖို့လည်း မတတ်စွမ်းခဲ့။ကျောသားရင်သားမခွဲခြားသော်ငြား
ဒီကလေးလေးကိုတော့ မဆူပစ်ရက်၊ မရိုက်ရက်လေပေ။