ဘဝမှာ အကြီးအမားဆုံးသော ဆုလာဘ်က နွေးထွေးမှုတဲ့
အချစ်ကနွေးတယ်*****
" ဆရာ ဘာပြုလို့ မနက်အစောကြီး. . အိမ်ကိုလာတယ်''
အခုမှ အိပ်ရာက ကုန်းရုန်းထလာပုံရသည့် ကလေးငယ်သည်
ဆံပင်များ ထောင်ပျံနေ၍ ချစ်စရာအသွင် အတိဆောင်သည်။
ညာဘက်လက်ထဲတွင်တော့ သွားတိုက်တံသည် နေရာယူ၍
ပါးစပ်အတွင်းသို့ ထည့်နေသော်ငြား ၊၊ တိုက်ခြင်း မပြုသေးပေ။ဤသည်ထက်
သူလာသည်အား စူးစမ်းလိုစိတ်ပိုပြင်းပြပုံရသည်။
မျက်လုံးသေးသေးလေးက ဂဏှာမငြိမ် ဟိုဒီလှိမ့်နေသည်။ဤကဲ့သို့ သူ့အား အစုန်ချီအဆန်ချီ စိတ်အတွင်းမှ မေးခွန်းထုတ်နေသည့် ကလေးငယ်အား အဖြေမပြုမီ
အရင်ဆုံး ကလေးငယ်အနား တိုးကပ်မိသည်။အစေအခိုင်းမဲ့ သူ့လက်ချောင်းများသည်တော့
ကလေးငယ်၏ စာဗူးတောင်းအသွင် ငှက်သိုက်ခေါင်းမှ ဆံပင်များကြား ကူးလူးနေလျက်ရှိ၏။နဖူးထက်ဖရိုဖရဲကျနေသော ဆံပင်တစ်ချို့အား
ဘေးသို့ အနည်းငယ် တွန်းဖယ်ပေးရင်း သည်လိုပြောခဲ့သည်။" အချိန်က မစောတော့ပါဘူး ကလေးရဲ့
ဒီ အိပ်ပုတ်လေးကသာ အိပ်ယာထနောက်ကျနေတာ ၊ ဟိုမှာ နာရီကိုကြည့်~ ၇နာရီထိုးနေပြီ''ဂျောင်ကု ယင်းသို့ ပြော၍၊ တိုင်ကပ်နာရီအား
ညွှန်ပြလိုက်သည်။ တပြိုင်နက် ကလေးငယ်ထံမှ
သူ၏ အပြောအား ပြန်လည်ချေပဟန်ရှိသည့် စကားသံထပ်ကြားရသည်။
၎င်းမှာ အနှီကလေးငယ်၏ ငြူစူစူအသံလေးနှင့် အစချီသည်။
ဤသည် မကျေမနပ်ဖြစ်ပုံလေးပါ ဆောင်ကျဥ်းသည်မို့
ကလေးငယ်ဟာ ခလေးသဖွယ် ခြေပါဆောင့်လိုက်သေးတာပင်။" ၇နာရီ. . ဒီလောက် စောတာကြီးကိုဗျာ ၊ ပုံမှန်လိုဆို ကျောင်းပိတ်ရက်တိုင်း ၉နာရီမှ ထတာဗျ..၊ ခုတော့ ဆရာ့ကြောင့်
အိပ်ရေးမဝတော့ဘူး၊၊ စာသင်လို့ အိပ်ငိုက်ရင်က ဆူသေးတယ်၊၊
ဆရာက အကျင့်ပုတ်တာမှ တအားကိုပဲ. .''