အချစ်က ဘဝဆိုရင်
ဘဝတစ်ခုလုံးဟာ ကလေးငယ်အတွက်ပဲ ဖြစ်တည်တယ်။*****
" လုပ်အုံး~ တဘက် တဘက် ကျွတ်သွားပြီလို့''
လက်တွေ့ကျွတ်ကျနေသော အုပ်ကြီးဆီမှ
မည်သို့သော အသံမထွက်၊ ထွက်နေသူသည် အတင်းကိုမှ အထက်ပုဂ္ဂိုလ်ဖြစ်ချင်နေသော ပိစိနှကွေး
ပေါက်စိနှောင့်တောက်
ပတ်ခ်ဂျီမင်းပင်ဖြစ်သည်။တဆက်တည်း ဂျောင်ကု မည်မျှ မပြောခင်
ကလေးငယ်မှပဲ ဆက်၍ ပြောလာသည်။
လျှပ်စစ်မီးပြတ်တောက်နေသည်ဖြစ်၍ အမှောင်ကမ္ဘာထဲမို့ သူဟာ ကလေးငယ်၏ မျက်နှာအား မမြင်ရပေ။သို့ပေသည့် ကလေးလေးရှက်ပြီး မျက်နှာတွေ၊ နားရွက်တွေ နီမြန်းနေမှာကိုတော့ အတပ်ခန့်မှန်းမိသည်။" ကိုကိုအုပ်ကြီး ကျွန်တော့်ကို လွှတ်နော်၊ လွှတ်. . လွှတ်''
ဤအလင်းမဲ့ဇုန် အခန်းထဲဝယ် ဂျီမင်း၏ အသံဟာ ကြီးစိုးနေ၏။
၎င်းသည် မသိရင်က ဆရာအုပ်ကြီးဂျောင်ကုကဘဲ သူ့ကို. . မစာမနာ ဘာပြုတော့မှာလိုလို၊ ဘာလိုလို။ညာလိုလို။ ဒန်ဒန့်ဒန်တော့မှာလိုလို။တကယ်က ဒင်းလေးကသာ အုပ်ကြီးကို တက်မအုပ်ရုံတမယ်
အတင်းဖက်ပစ်နေတာ။ ပါးစပ်မှလည်း တွေ့ကရ လွှတ်အော်. .။
မဟုတ်ဘူး သူ တော်တော်ကို အုပ်ပစ်ချင်နေတာ။သူ့ကိုသူ ဗလကောင်းကောင်းနဲ့ ဆီမီး ရေမီး typeကြီးများ
ထင်နေသလား မသိပါဘူး။အဝတ်အစားမဲ့နေသော ဂျောင်ကု၏ ကိုယ်ခန္ဓာထက်
တစ်ခါတည်း တောက်တဲ့သဖွယ် တွယ်ကပ်၍
သိမ်းကျုံးဖက်ပစ်ထားသည်။ဤကြောင့် ဂျောင်ကု. .ကလေးငယ်၏
တင်ပါးမှ ကိုင်ထိန်း၍ ပြုတ်မကျရန် အလို့ငှာ ပြုမူနေရသည်။
ယင်းနောက် ကလေးငယ်၏ အစောက စကားအား
ပြန်လည်ချေပသည်။ ၎င်းမှာ ကလေးငယ်လေး ယင်းသို့ တွေးထင်နေသည်အား မတွေးစေလိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။" ဖြေးဖြေးဖက်ပါအုံး ၊ ကိုယ့်ကလေးလေး ရယ်. .
ဒီကိုကို အသက်ရှုလို့ အဆင်မပြေတော့ဘူး''