6

777 55 0
                                    

အခန်း (၆) - မမျှော်လင့်ဘဲ ဆုံစည်းမှု

_____________________

ကောင်းယန်က အမှတ်(၁) အလယ်တန်းကျောင်း သင်္ချာအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။

မနှစ်က သူက သင်္ချာပြိုင်ပွဲတစ်ခုကို အခန်း (၁)ကျောင်းသားတွေကို ခေါ်သွားခဲ့၏။

" ကျောင်းအုပ်ကြီး " ကောင်းယန်က တံခါးကို တွန်းဖွင့်လိုက်ပြီး မမေးလိုက်ခင် သူ့ခပ်ပြည့်ပြည့်မျက်နှာက ချီတုံချတုံ ဖြစ်နေ၏။" ခင်ဗျား ဘာလို့ အဖြေလွှာစာရွက်ကို ကျွန်တော့်ကို စစ်စေချင်တာလဲ"

ကျောင်းအုပ်ရွှီက ပထမအံဆွဲကို ဖွင့်လိုက်ပြီး စာအုပ်တစ်အုပ် ထုတ်လိုက်သည်။

ဒါက " စွန်ရဲလိုက်သူ"

စာအုပ်ရဲ့ဘေးဘက်တွင် သွေးခြောက်နှင့် ဆင်တူသော အနီအနက်အမှတ်များ ရှိသည်။

ကျောင်းအုပ်ရွှီက ထုတ်ယူလိုက်ပြီး စာအုပ်အဖုံးကို ပွတ်သပ်လိုက်၏။

သူက ခေါင်းအနည်းငယ်ငုံကာ စာအုပ်အဖုံးပေါ်က လက်ချောင်းရာများနဲ့ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ အသေးအမွှား ထိတ်လန့်မှုလေးတစ်စုက သူ့လက်ထိပ်တွေကြား ရစ်ဝဲနေပုံပေါ်၏။

"ဒါကို ကြည့်" ကျောင်းအုပ်ရွှီက ကောင်းယန်ကို စာရွက်ပေးလိုက်သည်။

စာရွက်လိပ်က သေသေသပ်သပ်ခေါက်ထားပြီး အနည်းငယ် ဟောင်းနွမ်းနေ၏။

ဖွင့်ကြည့်ပြီးနောက် အရင်က ဘောလုံးတစ်လုံးကဲ့သို့ လုံးချေခံထားရသော စာမျက်နှာပေါ်တွင် မညီညာသော အတွန့်အခေါက် အနည်းငယ် ရှိနေသည်။

ကောင်းယန် စာရွက်ကိုကြည့်ပြီး အရမ်းအံ့ဩသွားမိ၏။

ဒါက မနှစ်က နိုင်ငံတကာ အိုလံပစ်၏ အဖြေလွှာစာရွက်ဖြစ်သည်။ ကောင်းယန်က မနှစ်က သင်္ချာအိုလံပစ်အတန်းကို ယူခဲ့ပြီး မေးခွန်းတွေအများကြီး လုပ်ထားဖူးပြီး ဖြစ်သည်။ သူ အဖြေများကို သုံးကြိမ်တိုင်တိုင်ကိုးကား ကြည့်ပြီးနောက် ဒီအဖြေလွှာ စာရွက်ကို နားလည်သွား၏။

အကြည့်တစ်ချက်နဲ့တင် စကားလုံးတွေ ဒေါင်လိုက် အထားအသိုနဲ့ တစ်ခုပေါ်တစ်ခု မှီတည်မှုကို မြင်ရသည်။ မှတ်ထူထူက လွတ်လပ်စွာ ပြောင်းလဲနေပြီး တားမရသော အားမာန်ပါတဲ့ ကလောင်ဝင့်ချက် ရှိနေ၏။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now