14

701 50 0
                                    


အခန်း (၁၄) - ငါက တကယ် နာမည်ကြီးလို့ပေါ့

"တောင်းပန်ပါတယ်။ ဒါက ကိုယ်ရေးကိုယ်တာ အကြောင်း ပြချက်ပါတဲ့။ တခြားတော့ မသိပါဘူး။" ဖုန်းထဲက အသံက အလွန်ပင် ယဉ်ကျေးနေဆဲ ဖြစ်၏။

လင်းကျင်ရွှမ် နောင်တရစွာ ဖုန်းချလိုက်သည်။

ခေါင်းငုံ့ပြီး မျက်လွှာချထားကာ စိတ်ဓာတ်ကျဆင်းနေသော သူ့ရဲ့ အမူအရာကို သိုဝှက်ထားလိုက်၏။

အောက်ထပ်ဆင်းပြီး ညစာထပ်စားချင်စိတ်မရှိတော့တာကြောင့် စာကြည့်စားပွဲမှာထိုင်ကာ ဖုန်းကိုကြည့်လိုက်ပြီး အနည်းငယ်တော့ စိတ်အနှောက်အယှက် ဖြစ်မိသွားသည်။

သို့သော်လည်း ငါးမိနစ်အတွင်း ပြန်အမ်းငွေအကြောင်း ပြောထားသည့် မက်စေ့တစ်ဆောင် ရောက်လာသည်။

"ပြဿနာရှိနေလို့လား" သိပ်မကြာခင်မှာ လင်းချီတံခါးတွန်းဖွင့်လာပြီး မေးလိုက်သည်။

လင်းကျင်ရွမ်က အမြဲ ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်သည်။ သူ တက္ကသိုလ် စတက်ချိန်မှာ တခြားသူတွေနဲ့အတူ ကုမ္ပဏီတစ်ခု စထောင်ခဲ့သည်။အကြောင်းရင်းကို လင်းချီ တိတိကျကျ မသိသော်လည်း  လင်းကျင်ရွှမ်တွင် ကိုယ်ပိုင်သဘောထား ရှိသည်အား သူသိသည်။

သူ့သား၏ ဘာမှတောင်မစားသောက်ဘဲ စိုးရိမ်နေပုံကို မြင်ရခဲ၏။

လင်းကျင်ရွှမ် မျက်မှောင်ကြုတ်လျက်သားဖြင့် ခေါင်းညိတ်လိုက်၏။

သူ စီးကရက် ထုတ်လိုက်သော်လည်း မီးခြစ်မရှိ၍ လက်ထဲကိုင်ကာ ကစားရုံသာ ကစားနေ၏။ သူ့ နူးညံ့သော မျက်နှာမှာ အလွန်အမင်း မှုန်မိုင်းနေပြီး မျက်ခုံးနှစ်ခုကြား စိတ်အနှောက်အယှက်ဖြစ်မှု ပေါ်လွင်နေ၏။

"ခဏနေပါဦး" ခဏကြာပြီးနောက် သူ သက်ပြင်းချလိုက်သည်။

သူ ဘာစကားမှ ထပ်မပြော တော့ပေ။

ထိုလူနဲ့ ဆက်သွယ်ပြောဆိုပြီးနောက် သူ့ဘက်က ငွေအများကြီး သုံးစွဲခဲ့တာတောင် အဆုံးအမှာတော့ သူဘက်ကပဲ အငြင်းခံလိုက်ရသည်။

**

အမှတ်(၁)အလယ်တန်းကျောင်း၌။

ချင်ရန်က ကိုယ်ပိုင်စာလေ့လာချိန်ကို မသွားခဲ့ပေ။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now