49

631 58 0
                                    


အခန်း (၄၉) မနာခံခြင်း

_________________________

ပေကျင်းနဲ့ ယွင်ချန်းက အတန်ငယ်ကွာဝေးပြီး ပေကျင်းရှိ လိုင်စင်နံပါတ်ပြားသည် ရှားပါးသလောက် ဖြစ်၏။

တစ်ကျောင်းလုံးတွင် ပေကျင်းကလာတာ ကျောင်းအုပ်ရွှီပဲ ရှိသည်ကို သူတို့သိသည်။

ထို့ကြောင့်ပဲ လင်းဝမ် ဤသို့အံ့အားသင့်စွာ ပြောလိုက်ခြင်းဖြစ်သည်။

ကျောင်းအုပ်ရွှီကိုတွေ့ဖို့က ခက်ခဲပြီး သူမောင်းတဲ့ကားကို ဘယ်သူ့မှ မသိကြပေ။

နင်ချင်းနဲ့ ချင်ယွိနှစ်ယောက်လုံး အံ့အားသင့်စွာ ခေါင်းခါလိုက်၏။

ချင်ယွိက နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ ဘာမှမပြောသော်လည်း နင်ချင်းကတော့ ချင်ရန်ကို မျက်မှောင်ကြုတ် လျက်သားဖြင့် ကြည့်လိုက်သည်။"အဲ့ဒါ တကယ်လားမသိဘူး"

"ချင်ရန်" ကားမှန်နှိမ့်ဆင်းလာပြီး ကျောင်းအုပ်ရွှီက နောက်ထိုင်ခုံတွင် ထိုင်နေသည်။

ချင်ရန်က လက်ကိုပြန်ထုတ်လိုက်ပြီး အကောင်းဘက်အမြင်နည်းနည်း ရှိပုံပေါ်ကာ ခေါ်လိုက်သည်။ "ကျောင်းအုပ်ရွှီ"

ကျောင်းအုပ်ရွှီ ချင်ရန်ကို ကြည့်ပြီး ချန်းကျွင့် သူ့ကို ရှာဖို့ ရောက်လာတဲ့အချိန်ကို တွေးမိသွားကာ သူ့ဒူးပေါ် လက်တဒေါက်ဒေါက်ခေါက်နေရင်း နည်းနည်းတော့ ထူးဆန်းနေမိ၏။" သွားစားမလို့လား။ ကားထဲဝင်။ အတူသွားရအောင်"

သူ့မျက်လုံးများက ကြင်နာတက်သော အကြီးတစ်ယောက်ကဲ့သို့ အလွန်ပင် သိမ်မွေ့နေပြီး သန့်စင်နေ၏။ 

သူ့လေသံတွင် အာဏာသံမပါပဲ ယဉ်ကျေးတဲ့ မေးခွန်းတစ်ခုနဲ့သာ ပိုတူ၏။

ချင်ရန် ခေါင်းခါလိုက်သည်။ " ကျွန်မထိုင်ခုံဖော်နဲ့ စာအုပ်သွား၀ယ်ချင်လို့ "

နှစ်ယောက်သား စကားအနည်းငယ် ထပ်ပြောလိုက်ပြီးနောက် ဂျစ်ကားမောင်းထွက်သွားသည်။ သူတို့ အဝေးကို မထွက်ခင်တည်းက လင်းစီရန်က ချင်ရန် ဘေးမှာရပ်ပြီး သူမကို စိုက်ကြည့်နေတာ ဖြစ်သည်။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now