39

731 66 0
                                    


အခန်း (၃၉) ကြည်! နောက်ကိုကြည့် !

ကြော်ငြာသင်ပုန်း ဒီဇိုင်းပြောင်းလဲခိုင်းထားသည်ကို ရွှီယောင်ကွမ်း သိသည်။ သူက ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်နေဆဲဖြစ်ပြီး နောက်နှစ်ဝက်အတွင်းမှသာ သူ့နေရာကိုလက်လွှဲရလိမ့်မည်။ မနက်ဖြန်မနက်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့်အတူ  အကဲဖြတ်ရမည် ဖြစ်သည်။

ရွှီယောကွမ်း ကျောက်သင်ပုန်းပေါ်က ပန်းချီဆွဲချက်များကို ကြည့်လိုက်သည်။ မျဉ်းကြောင်းတွေက ရိုးရှင်းပြေပြစ်ပြီ ကာတွန်းဇာတ်ကောင်များ ဆွဲနေခြင်းဖြစ်သည်။ကြော်ငြာသင်ပုန်းပေါ်ကပန်းချီက ထူးထူးခြားခြား လက်တွေ့ဘဝ အစစ်ကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားသည်။

ပန်းချီကာရိုက်တာကို ရွှီယောင်ကွမ်း အတော်လေး ရင်းနှီးသည်ဟု ခံစားရသော်လည်း သူဘယ်သူမှန်း  စဉ်းစားလို့ မထွက်လာပေ။

တစ်ဖက်က ရေးဆွဲသူမှာ အတော်လေး လျှင်မြန်ဖျတ်လတ်ပြီး ဒီအလုပ်နဲ့ ရင်းနှီးပုံပေါ်၏။ကာရိုက်တာတွေအားလုံး အကြမ်းထည်ပြီးလုနီးပါး ဖြစ်သွားသည်။

အရောင်အရည်အသွေးကလည်း အရမ်းပြည့်စုံသည်။

ဒါက ပန်းချီကျွမ်းကျင်မှုအပေါ် အခြေခံထား၏။

ကြော်ငြာသင်ပုန်းပေါ်တွင် ပန်းချီအဆင့်ကို မြင်ရလိမ့်မယ်လို့ ရွှီယောင်ကွမ်း တစ်ခါမှ မတွေးမိပေ။

ဆွဲတဲ့လူက သူ့ကို ကျောခိုင်းထား၏။ သူမက အနက်ရောင် headphones တပ်ထားကာ ဘေးကိုကိုင်းလိုက်တော့ သူမ လှုပ်ရှားမှုကြောင့် headphone ကြိုးက အနည်းငယ် စောင်းသွားသည်။

သူမ ခြေလှမ်းဆုတ်လိုက်ပြီး သူမရဲ့ ပန်းချီကာရိုက်တာကို လေ့လာနေပုံပေါ်သည်။

ရွှီယောင်ကွမ်းက စာသင်ခန်း ဝင်ပေါက်မှာ အကြာကြီးရပ်နေ၏။ သူ ခြေလှမ်းနောက်ဆုတ်လိုက်ချိန်မှာ လှည့်လာတဲ့ သူမမျက်နှာကို မြင်လိုက်ရသည်။

တခြားဘက်က အမှတ်တမဲ့ဖြင့်ရှိနေကာ မြေဖြူကို လက်တစ်ဖက်က ကိုင်ထားရင်း တခြားလက်တစ်ဖက်က headphone ကြိုးနဲ့ ကစားနေသည်။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now