24

660 41 0
                                    


အခန်း (၂၄) သခင်လေးရွှီ၏ သံသယ ၊ ရင်းနှီးသော တယောသံ

_____________

ဂိမ်းကစားနေသည့်ချင်ရန်မှာ ရုတ်တရက် ကားရပ်လိုက်မှုကြောင့် လက်ချော်သွားပြီး သူမ ဂိမ်းထဲက ကာရိုက်တာကို သတ်မိလုနီးပါး ဖြစ်သွားသည်။

သူမ အမူအယာမဲ့စွာဖြင့် မော့ကြည့်လိုက်၏။

လုကျောက်ယင်ကတော့ ချန်းကျွင့်ရဲ့ တုန့်ပြန်မှုတစ်ခုခုမှားနေတယ်လို့ မတွေးခဲ့ပေ။

" ဘော့စ်၊ သူတို့က ဘာကြောင့် ရုတ်တရက်ကြီး  အော်ဒါကို လက်ခံလိုက်တာလို့ထင်လဲ။ နည်းနည်းတော့ ကျင့်သားမရသလိုပဲ၊ မဟုတ်မှ သူတို့…"လုကျောက်ယင် တစ်ခုခုပြောချင်သော်လည်း မျက်လုံးစောင့်စွန်းမှ ချင်ရန်ကို လှည့်ကြည့်လိုက်ကာ ရုတ်တရက် ရပ်သွားပြီး လျှောက်ပတ်ကြည့်လိုက်၏။" အိုး ကြည့်စမ်း၊ ဒီနေ့ လကြီးက လှလိုက်တာ ဟားဟား ဟား ဟား…"

ချင်ရန်က တည်ငြိမ်စွာဖြင့် သူမ ဖုန်းကိုဆက်ကြည့်နေ၏။

သူပြောတာကို မကြားလိုက်သကဲ့သို့ သူမက ဘာစကားမှ မပြောဘဲ အမူအရာလည်း မပြောင်းလဲပေ။ လုကျောက်ယင် စိတ်သက်သာရာရသွားပြီး ချန်းကျွင့်ကို လှည့်ကြည့်လိုက်သည်။

ချန်းကျွင့်က ခေါင်းလှည့်နေပြီး အပြင်ဘက်က လမ်းမီးအလင်းရောင်က သူ့ပုံရိပ်ကို မှုန်ဝါးစေတာမို့ သူ့မျက်နှာအမူအရာကို မမြင်ရပေ။ သို့သော်လည်း ကားစတီယာရင်ပေါ်တင်ထားသော လက်မှာတော့ မတည်ငြိမ်လှပေ။

ချန်းကျွင့်မှာ ကားပြန်မောင်းဖို့ မိနစ်အနည်းငယ်ကြာ အချိန်ယူလိုက်ရသည်။

ကျောင်းသို့ပြန်သည့်လမ်းတွင် လုကျောက်ယင် စကားမပြောတော့ပေ။ သူက မောင်းသူဘေးထိုင်ခုံတွင် ဂနာမငြိမ်ထိုင်နေပြီး လျှောက်ပတ်ကြည့်နေလိုက် သူ့ဖုန်းအား ခဏခဏ ထိနေလိုက် ထို့နောက်တွင် ထိုင်ခုံခါးပတ်အား ဆွဲနေပြန်လိုက် လုပ်နေသည်။ စိတ်မရှည်ဖြစ်နေသည်မှာ သိသာလွန်း၏။

ကျောင်းသို့ ရောက်ပြီးနောက် လုကျောက်ယင်မှာ ချင်ရန်ကို ပြန်လိုက်ပို့ပေးမယ်ဆိုတဲ့ စကားမျိုး မပြောတော့ပေ။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now