48

658 64 0
                                    

အခန်း(၄၈) ကျောင်းအုပ်ရွှီကားလား?

_________________________

ချင်ရန်က ထိုင်ချလိုက်ပြီး စိတ်ခံစားချက်မဲ့စွာဖြင့် ခွက်အပိုင်းအစတွေကို ကောက်လိုက်သည်။"အဆင်ပြေပါတယ်"

ချန်းကျွင့်က ကြမ်းပြင်ပေါ်က ခွက်အပိုင်းအစတွေကူရှင်းပေးဖို့ မီးဖိုချောင်ထဲဝင်လာသည်။ 

ချင်ရန်က သူ လုကျောက်ယင်နဲ့ တခြားသူကို စကားပြောဖို့ ထွက်သွားတဲ့အထိ စောင့်ပြီးမှ လှုပ်ရှားမှုများရပ်လျက် ခေါင်းငုံ့ကာ တစ်စုံတစ်ခု တွေးတောနေပြီး နည်းနည်းတော့ မှင်သက်အံ့ဩသွားသည်။

ဘေးနားချထားတဲ့ အနက်ရောင်ဆဲလ်ဖုန်းက ချန်းကျွင့်ထွက်သွားပြီးနောက် မီးလင်းလာ၏။

နှစ်မိနစ်ကြာပြီးနောက် အရှုံးမပေးဘဲ ပိုတောက်ပလာသည်။

ချင်ရန် အတွေးပြန်ရုတ်သိမ်းလိုက်တော့ တဖျက်ဖျက်လက်နေတဲ့ အလင်းရောင်ကို မြင်လိုက်ရသည်။ သူမက ဖုန်းကိုမကြည့်ဘဲ မျက်နှာသေဖြင့် တစ်ဖက်လှည့်လိုက်သည်။

"ချန်းမူ" တံခါးအပြင်ဘက်က လုကျောက်ယင်က ခြေထောက်ကို ခုံပေါ်တင်ကာ ထိုင်ခုံကို 180°နောက်လှန်လိုက်ပြီး သူ့လက်ထဲက ဘော့ပင်ကို လှည့်နေ၏။ " ငါ ကျန်းသုံယယ်ကို နောက်ဆုံးအခေါက်က email ပို့ခဲ့ပေမယ့် အချက်အလက် အတိအကျတော့ မထုတ်ဖော်နိုင်ဘူး။"

ချန်းမူက မင်သက်နေဆဲဖြစ်သည်။

အချိန်အတော်ကြာပြီးမှ သူ အသံထွက်လာပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။ " မစ္စတာကျွင့် ဘယ်လိုလုပ်မှာလဲ"

LW၊ အထီးကျန် ဝံပုလွေက 129 ထောက်လှမ်းရေး အေဂျင်စီ၏ နံပါတ် (၁) ဖြစ်သည်။

နိုင်ငံတကာ ချိတ်ဆက်မှုများကြောင့် နိုင်ငံခြားက လူများက သူ့ကို အတိုကောက်နာမည် ပေးခဲ့သည်။

ချန်းမူလည်း ထိုနှစ်က SWAT ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သော်လည်း သုံးကြိမ်တိုင်တိုင် စားမေးပွဲကျခဲ့ပြီး သာမန်အဖွဲ့ဝင်တောင်မှ ဖြစ်မလာခဲ့ပေ။

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကနေ ပြစ်မှုဗေဒအထိ 129 မှ ထိုဉာဏ်ကြီးရှင်အကြောင်း မကြားဖူးသူ မည်သူမျှမရှိပေ။ 

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now