99/100

306 56 4
                                    

အခန်း (၉၉): လူကြီးမင်းဖုန်းကို သိလား

_______________________________________

"ငါ ခရီးဆောင်အိတ်ထဲမှာ ဂီတသင်္ကေတ စာရွက်တွေ ရှိနေတာ ဘယ်လိုသိတာလဲ" ချန်ရှုလန်က နေမကောင်းပုံပေါ်ပြီး ဟိတ်ဟန်မရှိသော်လည်း သူမ တည်တည်ကြည်ကြည် ဖြစ်သွားတဲ့အခါ သူမမျက်လုံးများက စည်းကမ်းတင်းကြပ်ပြီး အကြည့်စူးရှနေ၏။ " နင် ယူခဲ့တာလား"

ချန်ရှုလန်အပေါ် ချင်ယွိရဲ့အမြင်က ကျေးလက်သူ အဘွားတစ်ယောက်သာ ဖြစ်တာကြောင့် ဒီလိုရောင်ဝါမျိုးရှိမယ်လို့ မမျှော်လင့်ထားပေ။ " မယူခဲ့ပါဘူး"

သူမ နည်းနည်းကြောက်မိသွားပြီး နောက်ကျောမကျုံ့မိဘဲ မနေနိုင်လိုက်ပေ။

"တကယ်လား" ချန်ရှုလန်က နောက်ကျိတဲ့မျက်နှာကို လှည့်လာပြီး ချင်ယွိကို အကြာကြီး စိုက်ကြည့်လာ၏။ " အဲ့ဒါနဲ့ပတ်သက်ပြီး ဘာအတွေးမှမရှိဖို့ ငါ အကြံပေးလိုက်မယ်။ ဂီတစာရွက်တွေကို မထိတာ ပိုကောင်းတယ်"

ချင်ယွိရဲ့မျက်နှာက ဖြူဖျော့သထက်ဖြူဖျော့လာပြီး နောက်ကျောများ အေးလာ၏။ " အဘွား ဘာအကြောင်း ပြောနေတာလဲ"

" ငါ ဘာအကြောင်းပြောမှန်း နင် ရှင်းရှင်းလင်းလင်းသိပါတယ်။ " ချန်ရှုလန်က ချောင်းအနည်းငယ် ဆိုးလိုက်သည်။

နင်ချင်းက ရေနွေးကရားကိုင်ပြီး အပြင်မှဝင်လာချိန်မှာ ချင်ယွိရဲ့မျက်နှာမှာ ထိုးနှက်ခံရသကဲ့ကို ဖြူဖျော့နေတာ မြင်လိုက်ရပြီး မသိစိတ်အရ ချန်ရှုလန်ကို ကြည့်လိုက်သည်။

ချန်ရှုလန်က ချူချာစွာဖြင့် အိပ်ရာထဲလှဲနေပြီး မောပန်းနေပုံရကာ မျက်လုံးများ ခပ်မှေးမှေးမှိတ်ထားသည်။

ချန်ရှုလန်ကို အနှောက်အယှက်ပေးမိမှာစိုးတာကြောင့် နင်ချင်းက ချင်ယွိကို အပြင်ခေါ်ထုတ်သွားလိုက်သည်။

သူတို့နှစ်ယောက် အပြင်ရောက်တာနဲ့ မူယင်နဲ့နင်ဝေက အပေါ်ရောက်လာ၏။

ချင်ရန်က ဖုန်းကိုင်ထားပြီး သူတို့နဲ့ မနီးမဝေးမှလိုက်လာသည်။

" ဒုတိယဝမ်းကွဲအစ်မ၊အစ်မလည်း အဘွားကို ကြည့်ဖို့ရောက်လာတာလား" မူယင်က ရှေ့ကို လျှောက်လာပြီး ချင်ယွိကို ပြုံးပြလိုက်၏။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now