66

609 58 5
                                    

အခန်း (၆၆) : မစ္စချင်ကို ဘယ်လောက် အလေးထားလိုက်သလဲ?__________________________

သူနာပြုက ဂျူတီကျနေဆဲဖြစ်ပြီး ငွေရှင်းကောင်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူမ ကဒ်ယူလိုက်ပြီး ခဏလောက်မင်သက်သွားသည်။

ထိုအတွင်းလူနာဆောင်က ၁၁တယ် VIP အထူး လူနာဆောင် ဖြစ်သည်။ ချမ်းသာသူများနှင့် အင်အားကြီးသူများ ထိုနေရာတွင် နေသည်။ သူနာပြုက ဘော်ဒီဂတ်များကို တွေ့ရလေ့ရှိ၏။

သူမ တုန့်ပြန်မေးလိုက်သည်။ " အချိန်ဘယ်လောက်လဲ။"

အတွင်းလူနာဆောင်အဆောက်အဦး၏ အခန်းတစ်ခုချင်းစီတိုင်းက သီးသန့်သူနာပြုနှင့်အတူ စက်ကိရိယာ အစုံအလင် တပ်ဆင်ထားသည်။ အခန်းခတစ်လစာ ကုန်ကျစရိတ်နဲ့ စောင့်ရှောက်ခက ယွမ်37,000 ဖြစ်သည်။ ရက်အနည်းငယ်အတွင်း တစ်ကြိမ်ဖြစ်သည့် ဆေးပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆေးစစ်ခြင်းများပါဆို အနည်းဆုံး တစ်လကို ယွမ် 50,000 ကျသည်။

ချင်ရန်က သာမန်ကာလျှံကာ ပြောလိုက်၏။ " တစ်နှစ် "

တစ်နှစ်စာ အခန်းခနှင့် သူနာပြုငှားခက ယွမ်400,000 ထက်ပိုများသည့် ပမာဏဖြစ်သည်။သူနာပြုက ကဒ်ကိုပွတ်ဆွဲလိုက်ပြီး စာရင်းမဖွင့်ခင် စကားဝှက် အကြိမ်ကြိမ် ရိုက်ထည့်ပြီး ၀င်ရောက်ရန် ချင်ရန်ကို မေးခဲ့သည်။

ငွေပေးချေပြီးနောက် ချင်ရန်က ဘေလ်ယူပြီး ချန်ရှုလန် လူနာဆောင်ဆီသို့ လျှောက်သွားသည်။

နောက်မှာရပ်နေသည့် လင်းဝမ်နဲ့ နင်ချင်းမှာ အံ့အားသင့်သွား၏။ 

မိန်းမောတွေဝေနေသည့်နင်ချင်းက အချက်အလက်တွင် ဖော်ပြထားသကဲ့သို့ သုန်မှုန်နေပြီး တခြားသူများကို ရိုက်နှက်တက်သော မျက်နှာထားဆိုးသည့် ချင်ရန်ကို မြင်လိုက်ရပုံပေါ်သည်။

ချင်ရန်က ခင်မင်ရန် မလွယ်ကူသူတစ်ယောက်ဟု ကောလဟာလ ရှိသည်။ ကျောင်းတွင် သူမကို ထိကိုင်ရဲသူ အနည်းငယ်သာရှိပြီး သူမရဲ့အရှိန်အဝါက ပြင်းထန်သန်မာလွန်းတာကြောင့် လင်းဝမ်တောင်မှ အသက်ပြင်းပြင်း မရှူရဲခဲ့ပေ။

ချန်ရှုလန်၏လူနာဆောင်တွင် ဆရာဝန်က ဆေးမှတ်တမ်းကိုင်ထားပြီး တာဝန်ချိန်မပြီးဆုံးခင် ပုံမှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now