76

506 58 0
                                    

အခန်း (၇၆): အပိုဆောင်း

_______________________________________

ဝူယန်က ရယ်ရုံရယ်လိုက်ပြီး ကြည့်ဖို့စိတ်အနှောက်အယှက် အဖြစ်မခံပေ။

သို့သော် ရုတ်တရက် သူမအတန်းဖော်က သူမလက်ကို လွှတ်လိုက်သည်။

" ဘာလို့လဲ ဘာဖြစ်လို့…" ဝူယန်က သရော်သံပြုကာ ခေါင်းငုံ့လိုက်သည်။ မူလက သူမ ဆက်ပြီး ရယ်မောလှောင်ပြောင်ချင်သော်လည်း စကားလုံးများ ပါးစပ်နားမရောက်ခင် သူမမျက်နှာ ရုတ်တရက် အေးခဲသွားသည်။

သူမရဲအမူအရာ ပြောင်းလဲသွားပြီး ဗီဒီယိုကို ဖျက်ပစ်ချင်နေ၏။

လင်းစီရန် သူမကို စိုက်ကြည့်လိုက်သည်။ " ဒီဗီဒီယိုက ဖိုရမ်မှာ ရှိနေတာ"

ဖျက်လို့ မရနိုင်ပေ။

အခန်းထဲက တခြားကျောင်းသားများလည်း သူတို့ဖုန်းကိုထုတ်ကာ ကျောင်းဖိုရမ်စာမျက်နှာသို့ ဝင်လိုက်ကြသည်။ ပို့စ်က ပထမစာမျက်နှာတွင် ရှိနေပြီး အရမ်းမြင်လွယ်သည်။

ဝူယန်သည် မသိစိတ်အရ လှည့်ကြည့်လိုက်ရာ သူမဘက်က ရပ်တည်ပြောပေးချင်နေသည့် အတန်းဖော်မှာ သူမဖုန်းကိုကိုင်ထားရင်း သတိအပြည့်ဖြင့် ကြည့်ကာ နောက်ဆုတ်သွားသည်။

ဗီဒီယိုထဲတွင် ဝူယန်ရဲ့ ဘေးတိုက်မျက်နှာက မှတ်မိလွယ်သည်။

ကြည်လင်ပြတ်သားသည့် blu-ray ဗားရှင်း မဟုတ်သော်လည်း သူမရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူမက စာရွက်ကို အပိုင်းပိုင်းဆုတ်ဖြဲလိုက်ပြီး၊ USB Flash drive ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ရေလောင်းချလိုက်၏။ သူမရဲ့ ဘေးတိုက်မျက်နှာက ရက်စက်ယုတ်မာဟန်ဖြင့် ထူးထူးဆန်းဆန်းကြီး ပြုံးနေ၏။

ဝူယန်ရဲ့ သွင်ပြင်က အခန်း (3.9) က လူတိုင်းကို ပင့်သက်ရှိုက်မိသွားစေပြီး လုံးဝကို မှင်သက်အံ့သြသွားကြ၏။

ချင်ရန်က သူမဘာသူမ သရုပ်ဆောင်နေပြီး သူမကို တမင်သက်သက် ကြံစည်သည့်ပုံ ပြောခဲ့သော်လည်း အခုတော့ ကိုယ့်အကြောင်း ကိုယ်ပြောတဲ့ပုံ ပေါ်နေသည်။

ဖူရန်ရေ...မင်းမျက်နှာဖုံး ကွာကျပြန်ပြီတဲ့! ✩ဘာသာပြန်✩Where stories live. Discover now