Part - 6
"လင်းယံ တံခါးဖွင့်ပေးအုံး"
လက်ကမအားတာမို့ အထဲကိုသာလှမ်းအော်ရသည်။
"အေးအေး"
တံခါးဖွင့်ပေးမှ ပါးစပ်ကလေတွေတဖူးဖူးမှုတ်ထုတ်ရင်း
အခန်းထဲဝင်လိုက်သည်။"မုန့်တွေလဲစုံလို့ပါလား
ငါတော့ဗိုက်ကားအုံးမှာပဲ""အင်း စား ကြိုက်တာ မေမေက သူငယ်ချင်းကိုလဲကျွေးလိုက်တဲ့"
"သဘောကောင်းလိုက်တာ မင်းမေမေက"
"အင်း နောက်ခါတွေကျ မေမေနဲ့မိတ်ဆက်ပေးမယ်"
လင်းယံက မုန့်ထုပ်ကိုဖောက်ကာစားနေပြီဖြစ်သည်။
သွန်းငယ်လဲ စားချင်သည့်မုန့်ကိုရွေးလိုက်သည်။"ချောကလက်စားမယ်"
ချောကလက်ဗူးထုပ်ကာဖွင့်လိုက်တော့ အထဲတွင် စာအိတ်လေးတစ်အိတ်တွေ့ရသည်။
"ဦးပေးတာထင်တယ်"
"ဘာပြောတာလဲ သွန်းသုတ"
"ဘာမှဟုတ်ဘူး စားမှာစားပါမင်းကလဲ"
သွန်းငယ်စာအိတ်လေးကို ဖြေးဖြေးချင်းဖောက်လိုက်သည်။
စာလေးဖွင့်ဖတ်ဖို့အရေးလက်ကတုန်နေသေးသည်။"အမယ် ရည်းစားစာများလား
လက်တောင်တုန်နေသေးတယ်""ပေါက်ကရတွေ လျှောက်ပြော
ဦးပေးတာ သူမလာနိုင်လို့ စာရေးပေးတာ"လင်းယံပြောသလို ရည်းစားစာပါပဲ။
သွန်းငယ်သူများလဲစာမပေးဘူးသလို ကိုယ်တိုင်လဲ အခုမှရည်းစားစာဖတ်ဖူးခြင်း။"သွန်းငယ်
ကိုယ်လာတွေ့နိုင်မှာမဟုတ်လို့
ဦးနိုင်နဲ့မုန့်ပို့ခိုင်းထားတယ်
ကိုယ်မလာလို့ဆိုပြီး မငိုနဲ့အုံးနော်
ပြန်လာရင်သွန်းငယ်ကိုလာတွေ့မယ်
ကိုယ့်ကိုလွမ်းနေမယ်မဟုတ်လားကလေး။
ဦး" တဲ့။စာကထိုမျှူသာ။
ချစ်တယ်လို့တစ်ခွန်းပင်မပါ။
ရင်ခုန်ပြီးဖတ်ရတဲ့သွန်းငယ်ကသာ အရူးလို။
ပြောတက်လိုက်တဲ့ဦးပါပဲ။
လွမ်းနေမယ်မဟုတ်လားတဲ့။
လွမ်းတာပေါ့ဦးရယ်။
သွန်းငယ်က ဦးကိုချစ်တဲ့သူပဲ။
ဘယ်လိုပဲဖြစ်စေ သွန်းငယ်အတွက်ဂရုတစိုက် မုန့်တွေပို့ခိုင်းတာကပင် ပျော်စရာကောင်းနေပြီမဟုတ်လား။