Part-4
စက်နဲ့ယုငယ် ဦးမင်းမြတ်၏ကုမ္မဏီသို့ မြေယာရင်းနီးမြှုပ်နှံမှုစာချုပ်အတွက်လာခဲ့ကြခြင်း။
အောက်ကားပါကင်တွင် ကားရပ်တော့ ဒက်လှေကားထဲမှ ထွက်လာသည့် မာယာခင်နှင့် သွန်းငယ်ကိုတွေ့လိုက်သည်။
စက်တို့စီလှမ်းကြည့်နေသည့် သွန်းငယ်ကိုမြင်သော်လည်း
ဒက်လှေကားထဲရောက်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။
စက်နဲ့ပတ်သက်ပြီး ထိုကလေးစိတ်ထဲ ခံစားမှုတစ်စုံတစ်ရာတော့ နေရာယူပေလိမ့်မည်။
အချစ်ခံချင်တဲ့မင်းကို ပစ်ပယ်သလိုနည်းနဲ့လဲ
ထိုးနှက်ရမှာပဲသွန်းငယ်။
နာကျင်စေချင်တဲ့ဆန္ဒမထားချင်ပေမဲ့
မင်းကအဓိကသားကောင်မို့ နာကျင်အောင်တော့ ငါလုပ်ရမှာပဲ။
"ဥက္ကဋ္ဌကြီးနဲ့ချိန်းထားလို့ပါလားရှင့်"
"အင်း စက်အာကာဟန်လာတယ်လို့ပြောပေးပါ"
"ဟုတ်ကဲ့ပါ ထိုင်ပါအုံးရှင့်"
အတွင်းရေးမှုးသည် ရုံးခန်းသို့ဝင်သွားပြီးနောက်
အထဲဝင်ရန်လာပြောသည်။
"ဦးစက်အာကာဟန် ထိုင်ပါအုံး
မနက်ပိုင်းကရောက်မယ်ထင်နေ အန်ကယ်က"
စီးပွားရေးလုပ်နေကြတာမို့ စက်ကဦးမင်းမြတ်ထက်ငယ်သော်လည်း လေးစားသမှုနှင့်ဦးတပ်ခေါ်ခြင်း။
"ကျနော့်မှာ တခြားကိစ္စတွေလဲရှိသေးတော့
အားတဲ့အချိန်လာလိုက်တာါအန်ကယ်
အဆင်မပြေတာများရှိလို့လား"
"မရှိပါဘူး အားလုံးအဆင်ပြေပါတယ်
ဒါက ထပ်ပြီးရင်းနီးမဲ့သူထင်တယ်"
"ဟုတ်ပါတယ် National Bကုမ္မဏီက မန်နေဂျင်း
သင်းယုငယ်ပါ"
"ကျမသင်းယုငယ်ပါ တွေ့ရတာဝမ်းသာပါတယ်အန်ကယ်
သတင်းတွေ ကိုစက်စီကကြားပါတယ်
အဲ့ဒါကြောင့် အခုလိုရင်းနီးမြှုပ်နှံဖို့ စိတ်ကူးမိတာပါ"