Part-21
မင်းကိုထပ်ပြီး ဒဏ်ရာတွေမပေးချင်တော့ဘူး။
ကိုယ့်ကြောင့် ဝမ်းနည်းမှုတွေ ပျော်ရွှင်မှုတွေ ဘာတစ်ခုမှမခံစားစေချင်တော့ဘူး။
ကိုယ်ပဲမင်းကိုလွမ်းမယ်။
မင်းကမလွမ်းပါနဲ့သွန်းငယ်။
မင်းဘက်က အဦးဆုံးချစ်ခဲ့ပြီးပြီမို့
ကိုယ့်ဘက်ကအဆုံးသတ်အထိချစ်နေပါ့မယ်။
မင်းထပ်ပြီးမချစ်ပါနဲ့။ပင်ပန်းမှာစိုးတယ်ကလေးငယ်။
အဆပေါင်းများစွာ ကိုယ်ပဲနာကျင်တော့မှာမို့
မင်းကတော့ ပျော်အောင်နေပါကလေးရယ်။
ကိုယ့်အသက်ထက်မင်းကိုပိုပြီး တန်ဖိုးထားတက်ပြီမို့
မင်းကတော့ ကျန်းကျန်းမာမာနဲ့ ရှင်သန်ပေးပါ။
မင်းအချစ်တွေကိုလဲ မြင်နိုင်ခဲ့ပြီမို့ အကြင်နာကင်းကင်းနဲ့
ရှေ့ဆက်ပါကလေးရယ်။
ကိုယ့်ကိုကံဆုံခွင့် ဒီမှာဆုံးပြီမို့ ပြန်မတွေ့ကြရအောင်လား။
ကိုယ်လိပ်ပြာမလုံလို့ပါ။
ကိုယ်ကသူရဲဘောကြောင်တဲ့သူမို့ပါ။
ကိုယ်က သတ္တိကြောင်တဲ့သူမို့ပါ။
ကိုယ်ကမင်းရှေ့ဝန်မခံရဲတဲ့သူမို့ပါ။
ကိုယ်ကမင်းကိုမချစ်ရဲတဲ့သူမို့ပါ။
အဆိုးဆုံး ကိုယ်ကမင်းအချစ်တွေကိုစော်ကားခဲ့တဲ့သူမို့ပါ။
တိမ်ဖြူလွှာတို့ကြားတိုးဝှေ့နေသည့်လေယာဉ်ငယ်ကတော့ ရှေ့ဆက်နေမြဲသာ။
~ဦး ဒီမှာကြည့်ပါအုံး ပန်းတွေက လှလိုက်တာ~
~ဟုတ်လို့လား ကိုယ့်အမြင်မှာတော့ ပန်းတွေထက် ကိုယ့်ရဲ့သွန်းငယ်ကပိုလှသလားလို့~
~ဦးကလဲ…… ဒါဆိုပန်းပန်ပြရမလား~
အရှက်သည်းစွာပြောတော့ ဦးကပါးချိုင့်တုတွေပေါ်သည်အထိပြုံးသည်။
ဦးအပြုံးတွေက အရင်ထက်အသက်ဝင်လွန်းသည်။
ပန်းတစ်ပွင်းအားခူးပြီးနားမှာပန်မိတော့ ဦးကအသဲယားစွာပွေ့ချီလာသည်။