♥16♥

3.4K 94 2
                                    

Part-16

သွန်းငယ် တခါသာမြင်ဖူးသည့် အန်တီကဦးရဲ့ဘေးတွင်ဝင်ထိုင်သည်။
ထိုအန်တီ၏တူဟုဟူဆရသည့် ကလေးလေးက သူမပေါင်ပေါ်ထိုင်နေသည်။

ဦးကထိုကလေး၏ဆံပင်တွေကိုဖွကာ စကားတွေပြောနေတော့ သွန်းငယ် အရင်အချိန်တချို့ကိုသတိရလိုက်တာ။
သွန်းငယ်ဆံပင်တွေကိုဖွပြီး ရွှန်းရွှန်းစားစားကြည့်တက်တဲ့ဦးကို ပြန်လိုချင်လိုက်တာ။
အဲ့ဒီအချိန်တွေက ဟန်ဆောင်ခဲ့တာဆိုရင်တောင် အမှတ်တရနေ့စွဲလှလှလေးတွေဖြစ်ခဲ့သည်။

ဦးစိတ်ထဲကမပါခဲ့ရင်တောင် အခုလိုတော့ သွန်းငယ်ကိုမနာကျင်စေခဲ့ဘူး။
အပေါ်ယံလျှာဖျားလေးနှင့်ပြောခဲ့တာဖြစ်ပေမဲ့ သွန်းငယ်နှလုံးသားစီမှာ ခိုင်မြဲတဲ့ မှတ်တိုင်ဖြစ်ခဲ့တာ။

သွန်းငယ်ကိုကားပေါ်ပါသည်ဟုတောင် မထင်ကြဘဲ နှစ်ယောက်ထဲစကားဖောင်ဖွဲ့နေသည့် ဦးနဲ့ယုငယ်ဆိုသည့်အန်တီ။
မမြင်ရတာကြာပြီဖြစ်သည့် ဦးအပြုံးတွေ တခြားသူအတွက် ဖြစ်တည်တာပေမဲ့ ငေးခွင့်ရတာနဲ့တင် သွန်းငယ်ကံကောင်းလွန်းနေပြီမဟုတ်လား။

ရင်းနီးလွန်းစွာပြောဆိုနေကြပုံကသွန်းငယ်နဲ့မတွေ့ခင်ကတည်းက သံယောဇဉ်ထင်သည်။
ဦးက ထိုအန်တီအပေါ် ပြောတဲ့စကားလုံးတွေကစ သိမ်မွေ့လွန်းသည်။
သွန်းငယ်အပေါ်ဆက်ဆံတာနဲ့များတခြားစီပင်။

ကားဘရိတ်အုပ်လိုက်သည်မို့ သွန်းငယ်ရှေ့သို့ယိုင်သွားရသည်။

"အာ့…"

ကြွတက်သွားသည့်ခန္ဓာကိုယ်က ပြန်ကျတော့ စူးအောင့်သွားသည်မို့ အသံထွက်မိသွားသည်။
ကားမှန်တဆင့် မျက်မှောင်ကြုံ့ကာကြည့်သည့်ဦးကြောင့်မျက်နှာကိုငုံ့ချလိုက်မိသည်။
ဦးကမသိစေချင်ဘူးထင်ပါရဲ့။
အင်းလေ…မိန်းမယူမည့်ဦးက သွန်းငယ်လိုယောကျာ်းလေးတစ်ယောက်နဲ့လက်ထပ်ထားတာကို သူမအားဘယ်အသိပေးချင်ပါ့မလဲ။

ဒါဟာသွန်းငယ်ရဲ့လူပါဆိုပြီး ဖွင့်ပြောလိုက်ချင်တာတောင် ဦးငြိုငြင်မှာစိုးလို့…ဦးထပ်ပြီးမုန်းမှာစိုးလို့…သွန်းငယ်မပြောနိုင်ခဲ့ဘူး။

💙မချစ်ရင်💙 CompletedWhere stories live. Discover now