♥23♥

4.6K 110 29
                                    

Part-23

"ယုငယ် မင်းကားကို ဒီထက်ပိုပြီး မြန်မြန်မောင်းခိုင်းပေးလို့ရမလား ကိုယ်သွန်းငယ်ကို တွေ့ချင်နေပြီ"

"ရောက်ခါနီးပါပြီစက်ရယ်
လွန်ခဲ့တဲ့တစ်လလောက်ကသာ အခုလို တွေ့ချင်ခဲ့ရင်ထွက်မပြေးဘဲရင်ဆိုင်သင့်တာကို"

"အဲ့ဒီအတွက် ကိုယ်တကယ်နောင်တရမိတယ်
တကယ်ဆို သွန်းငယ်ရဲ့သဘောထားကိုမေးပြီးမှ
ဆုံးဖြတ်ခဲ့သင့်တာ သွန်းငယ်သာ ကိုယ့်ကိုမုန်းသွားရင်ဆိုတဲ့ အတွေးနဲ့ကြောက်ခဲ့တာ
ကိုယ့်ကြောင့် သွန်းငယ် ဘယ်လောက်တောင်ခံစားနေရမလဲ ဒီကလေးလေးကိုမှ ဘာလို့များ ရက်စက်မိလဲ တကယ်နားမလည်နိုင်ခဲ့ဘူး"

"အခုအချိန်မှီပါသေးတယ်
သွန်းငယ်လေးအနားမှာနေပြီး နေကောင်းတဲ့အထိ ဂရုစိုက်ပေး ပြီးရင် ကလေးကိုပျော်အောင်ထားပြီး အများကြီးချစ်ပေးပေါ့ အဲ့ကလေးလေးက စက်ကိုချစ်တော့ သူအရမ်းသဘောကျမယ်ထင်တယ်"

"သွန်းငယ်ကပြုံးနေရင် အရမ်းချစ်စရာကောင်းတာ ကိုယ်သူ့ကိုအမြဲပြုံးနေအောင်ထားတော့မှာပါ ကိုယ့်ကိုချစ်ကြောင်း တဖွဖွပြောတက်တဲ့ကလေးလေးကို တူညီတဲ့ချစ်ခြင်းတွေပေးပြီး ရှေ့ဆက်လျှောက်လှမ်းတော့မှာ ကိုယ့်ဘဝရဲ့ကျန်ရှိနေတဲ့ အချိန်တွေအကုန်
သွန်းငယ်စီမှာပဲကုန်ဆုံးတော့မယ်"

လက်တွေ့အကောင်အထည်မဖော်ရသေးပေမဲ့
တွေးကြည့်တာနဲ့တင် ပျော်စရာကောင်းလွန်းသည်ဟု စက်တော့ထင်မိသည်။
မျက်လုံးဝိုင်းဝိုင်းလေးတွေရဲ့ တောက်ပမှုက
ပိုပြီးအသက်ဝင်လိမ့်မည်ထင်သည်။
နှုတ်ခမ်းသေးသေးလေးတွေရဲ့ ရယ်မောမှု ချစ်စရာကောင်းလွန်းနေမည်ထင်သည်။

မျက်နှာလှလှလေးကိုတွေ့ချင်သည့်စိတ်က ပို၍ပင်ပြင်းပျလာရသည်။
တောင်းပန်ပါတယ်ကလေးငယ်။
မင်းကိုတွေ့ရင် အရင်ဆုံးဖက်ထားပါရစေ။
မင်းနှုတ်ခမ်းလေးတွေကို မွတ်သိပ်စွာနမ်းပါရစေ။
မင်းခြေရင်းမှာခစားမှာမို့ ခဏလေးပဲ စောင့်နေပါ။

"ကားတွေအများကြီးပဲ စက်"

"ကိုယ့်အိမ်ကိုလာတာတော့ဟုတ်မယ်မထင်ဘူး"

💙မချစ်ရင်💙 CompletedWhere stories live. Discover now