♥24♥

4.5K 111 8
                                    

Part-24

"ဦးနိုင်……ယုငယ်……တံခါးဖွင့်ပေး"

~ဒုန်း……ဒုန်း~

"ယုငယ် ကိုယ်ပြောတာကြားလား
ကိုယ့်ကိုပိတ်ထားတာ ကလေးဆန်လွန်းတယ်
တံခါးလာဖွင့်ပေး"

အခန်းပြင်မှ ဦးနိုင်နဲ့ယုငယ်လဲ စိတ်မကောင်းပေမဲ့မတက်နိုင်။
လူသူမရှိတဲ့နေရာမှာ စက်ကိုတစ်ယောက်ထဲဘယ်လိုမှမထားနိုင်။
ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေကလဲ ဒီအတိုင်းထားလို့မရ။

~ဂျိမ်း~

"ယုငယ် တံခါးဖွင့်စမ်းကွာ
ဦးနိုင် ခင်ဗျားတို့မကြားဘူးလား
ဒီလောက်မိုးတွေခြိမ်းပြီး မိုးတွေရွာနေတာကို
တံခါးဖွင့်……သွန်းငယ်ကြောက်နေတော့မှာပဲ"

"ယုငယ် တံခါးဖွင့်လို့
ဒေါသမထွက်ချင်ဘူးယုငယ်
တံခါးဖွင့်စမ်းပါကွာ သွန်းငယ်တစ်ယောက်ထဲ ထားခဲ့ရတာ ဘယ်လောက်ကြာနေပြီလဲ"

~ဒုန်း……ဒုန်း~

"ဦးနိုင်…ကျနော့်ကိုတံခါးဖွင့်ပေးပါဗျာ
တောင်းပန်တာပါ သွန်းငယ် ကျနော့်ကိုမျှော်နေမှာဗျ"

"သွန်းငယ်ကမိုးခြိမ်းရင်ကြောက်လို့ ကျနော်နဲ့လာအိပ်တဲ့ကလေးဗျ သူအရမ်းအားငယ်တက်တာ သူ့ဘေးနားကျနော်ရှိမှဖြစ်မှာ…ဦးနိုင်တံခါးဖွင့်ပါဗျာ"

"ရတယ် ဦးနိုင် မဖွင့်နဲ့
ယုငယ် မင်းတို့စိတ်ကြိုက်လုပ်
ငါသွန်းငယ်စီရအောင်သွားမှာ"

တံခါးကိုအဆက်မပြတ်ထုနေသည့် အသံရပ်သွားတာမို့ ဦးနိုင်နဲ့ယုငယ် ထိတ်သွားရသည်။
မဟုတ်တာတော့မလုပ်လောက်ဘူးမို့လား။

"ဦးလေး အထဲကအသံတွေတိတ်နေတယ်"

"အကိုလေး ဝရံတာကများ"

"မဖြစ်ဘူး အဲ့လိုဆိုပြုတ်ကျကုန်မှာ"

ယုငယ်အမြန်ပင် တံခါးကိုဆွဲဖွင့်ရတော့သည်။
ထင်သည့်အတိုင်းပင် စက်က ဝရံတာမှခုန်ချဖို့ကြိုးစားနေတော့သည်။

"စက် မလုပ်နဲ့ လာပါဒီကပဲသွားပါ
အဲ့ဒီကအန္တာရာယ်များတယ်"

"မင်းသေချာလို့လားယုငယ်
ငါ့ကိုထပ်ပြီးပိတ်ထားရင် တကယ်ခုန်ချပစ်မှာ"

💙မချစ်ရင်💙 CompletedWhere stories live. Discover now