Part-19
~~~ring…… ring~~~
"အဟွတ် အဟွတ်…"
"ဖြေးဖြေးစားလေကွာ ဘာဖြစ်တာလဲ"
သွန်းငယ်တို့နေ့လည်စာ စားနေတုန်း ထမြည်သည့်ဖုန်းကြောင့်လန့်သွားရသည်။
ဖုန်းမြည်လို့လန့်တာထက် ဖုန်းပေါ်တွင်ပေါ်နေသည့် အမည်ကြောင့် အံ့သြသွားရခြင်း။ဦးကဖုန်းခေါ်လာတာ။
ဦးပြန်လာပြီလား။
သွန်းငယ် ပါးစပ်ထဲကထမင်းကိုအမြန်မျိုချပြီးဖုန်းကိုင်လိုက်ရသည်။"ဟဲလို ဦး"
~ဖုန်းကိုင်တာဘာလို့ကြာနေတာလဲ
စာသင်ချိန်မဟုတ်တာ ငါသိတယ်~"သွန်းငယ် ထမင်းစားနေလို့ပါ
ဦးပြန်လာပြီလားဟင်အိမ်ရောက်ပြီလား"~ညနေငါလာကြိုမယ် အဲ့ဒါလှမ်းပြောတာ~
"တ… တကယ်…လာကြိုမှာလားဦး"
~ထမင်းစားနေတာဆိုစားတော့ ဒါပဲ~
"ဟုတ် ဦး"
သွန်းငယ်ဖုန်းချပြီး အပျော်တွေလွန်နေမိသည်။
ဦးကကျောင်းကိုလာကြိုမယ်တဲ့လေ။"ပျော်တာလဲပျော် ထမင်းလဲပြီးအောင်စားအုံး"
မဲ့ရွဲ့ပြောလာသည့်လင်းယံကို သွားဖြီးပြကာ
ရှေ့ကရေခွက်ကိုသာယူသောက်လိုက်သည်။"မစားတော့ဘူး ဗိုက်ပြည့်နေပြီ"
"မျက်စိနောက်အောင်မလုပ်နဲ့အကောင်ပေါက်"
လင်းယံကိုဘာမှပြန်မပြောဘဲ
ဖုန်းပေါ်ကဦးနံပါတ်ကိုသာ ရင်ခုန်ခြင်းများစွာနဲ့ကြည့်နေမိသည်။
ဦးဖုန်းကိုမျှော်တုန်းကလဲရင်ခုန်ရသည်။
ဖုန်းလာတော့လဲ ရင်တုန်ရသည်။
ဦးကခံစားချက်မျိုးစုံကိုပေးနိုင်တဲ့တစ်ဦးတည်းသောချစ်ရသူ။~~~~~~~~~~~~~~
"ဦးနိုင် ကျနော့်ကိုကုမ္မဏီပို့ပေးပါ"
"ဟုတ်ကဲ့ အကိုလေး"
"ညနေသွန်းငယ်ကိုကျနော်သွားကြိုလိုက်မှာမို့
ဦးနိုင်လာမနေနဲ့တော့""ဟုတ် ကားထားခဲ့ရမလားအကိုလေး"
"ယူသွားလိုက်ဦးနိုင်
ကုမ္မဏီကကားနဲ့ပဲသွားမှာ"