Part-15
"ဦး……"
"ဘာလဲ"
"အလုပ်လုပ်နေတာလားဟင်"
အလုပ်ခန်းတွင် စာရွက်တွေနဲ့ မအားလပ်သည့်
ဦးစီ မရဲသည့်စိတ်ကိုအားတင်းကာလာပြီးမေးရသည်။
စိမ်းကားသွားပြန်သည့်ဦးက သွန်းငယ်နဲ့အကြည့်ချင်းမဆုံတာ တစ်ပတ်တောင်ကျော်ပြီဖြစ်သည်။
"အလုပ်ခန်းထဲမှာ ရှိနေတာကို မင်းဘာတွေလာမေးနေတာလဲ သွန်းငယ်ရာ"
"သွန်းငယ်ပြောစရာရှိလို့ပါ"
"အင်း ဘာလဲပြော"
သွန်းငယ်စီကိုအာရုံမလာဘဲ ပါးစပ်ကသာဖြေနေသည်။
မနက်ဖြန်သွန်းငယ်မွေးနေ့မှာ ဦးနဲ့အတူ ကုန်ဆုံးချင်ကြောင်း ဖွင့်ပြောချင်တယ်။
ဦးကငြင်းမှာကိုလဲကြောက်သည်။
မုန်းပါတယ်ဆိုတဲ့လူတစ်ယောက်မွေးနေ့မှာ အနားရှိပေးဖို့ဦးကဆန္ဒရှိမယ်လို့တော့မထင်ဘူး။
"ပြောစရာရှိတယ်ဆို မပြောဘဲ ဘာလုပ်နေတာလဲ"
စိတ်မရှည်သည့် ဦးအသံကြောင့် နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်မိသည်။
"မနက်ဖြန် သွန်းငယ်မွေးနေ့"
"မနက်ဖြန်က မင်းတစ်ယောက်ထဲမွေးနေ့မှ
မဟုတ်တာ မွေးနေ့ရှင်တွေအများကြီးရှိမှာပဲလေ
မင်းက လက်ဆောင်လိုချင်လို့လား"
ထင်တဲ့အတိုင်း ဦးကဂရုမစိုက်ပါဘူး။
သွန်းငယ်က ဦးအတွက် အရေးပါတဲ့လူမှမဟုတ်တာဘဲ။
"သား18နှစ်ပြည့်မွေးနေ့မို့
ဘုရားသွားချင်လို့ ဦးစီခွင့်ပြုချက်တောင်းတာပါ"
"မင်းတောင် အသက်ပြည့်ပြီပဲ
သွားလေ ရပါတယ် သွားပြီးအိမ်တန်းပြန်လာပေါ့"
လိုက်ပို့ပေးပါလို့မပြောမိတာကိုပဲ မှန်တယ်ဆိုရမည်။
ငါလိုက်ပို့ပေးမယ်လို့ ဦးက ပြောရင်သွန်းငယ် အပျော်လွန်ကာ မေ့လဲလိမ့်မည်ထင်သည်။