Part-22
အောင့်တက်နေသည့် ရင်ဘတ်ကိုလျစ်လျူရှုကာ
အခန်းထဲကထွက်လာခဲ့သည်။
ဘယ်သူနဲ့မှမတွေ့ချင်တော့ပေမဲ့ နောက်ဆုံးအချိန်အထိ ဖေဖေတို့မေမေတို့အနားမှာ ရှိပေးချင်သေးသည်။
"မေမေ ဒီနေ့အားလား"
"ဘာလို့လဲသား မေမေအားတာပေါ့
ဘာလုပ်ချင်လို့လဲ"
"သားတို့ညနေကျ ထမင်းအတူတူစားရအောင်လို့
ဖေဖေနဲ့"
"အင်း မေမေချက်ကျွေးမှာပေါ့သားရဲ့"
"ဒီအိမ်မှာမဟုတ်ဘဲ သားတို့ဟိုဘက်အိမ်မှာချက်စားရအောင်နော်"
"အင်း သားသဘော"
မေမေ့ဘေးဝင်ထိုင်ပြီး ရင်ခွင်ထဲတိုးဝင်မိသည်။
ဆံပင်လေးတွေကိုဖွဖွနမ်းသည့်မေမေ။
သားသဘောကျတယ်မေမေ။
ဖေဖေနဲ့မေမေကသားကိုသိပ်ချစ်ပေးလို့ ကျေးဇူးလဲတင်ရပါတယ်။
ညနေဖေဖေဆေးရုံကပြန်လာတော့ မေမေနဲ့သွန်းငယ် ညနေစာချက်ကြတာ အားလုံးပြီးနေပြီဖြစ်သည်။
"ဒီနေ့တော့ သားပေါက်စလက်ရာလားကွ"
"ဟီး သားကမေမေ့ကိုနည်းနည်းပဲကူပေးတာပါ
ဖေဖေပင်ပန်းလာတာလား"
"မပန်းပါဘူးသားရယ်
သားမျက်နှာလေးလန်းဆန်းနေတာနဲ့ ပင်ပန်းတာလဲပျောက်သွားပါပြီ"
"သားကိုအိတ်ပေး ဖေဖေ့ကိုအခန်းထဲထိလိုက်ပို့မယ်"
"အေးပါ"
"မေမေရေ ခဏနေ ထမင်းစားကြမယ်နော်"
"ဟုတ်ကဲ့ပါသခင်လေးရယ်
မေမေအဆင်သင့်လုပ်ထားလိုက်ပါ့မယ်"
ဖေဖေ့ဆေးအိတ်ကိုသယ်ပြီး နောက်ကနေ ဖေဖေ့ကျောပြင်ကိုခေါင်းနဲ့တိုက်တော့ ဖေဖေကသဘောတကျရယ်သည်။
သွန်းငယ်ရဲ့အခုလိုပုံစံကိုဘယ်လောက်တောင်မြင်ချင်နေကြမလဲ။