Part-14
လင်းယံ အချိန်ယူကာ စဉ်းစားပြီးမှ သွန်းသုတစီလာခဲ့သည်။
ကိုယ့်စိတ်ကိုသိပေမဲ့ သွန်းသုတအဆင်ပြေရဲ့လားသိချင်တာကြောင့် လာခဲ့ခြင်း။
လက်ထပ်ပွဲနေ့ကဖြစ်သွားတဲ့အကြောင်းကို ပြန်ကြားပြီး
တော်တော်လေးစိတ်ပူခဲ့ရသည်။အန်တီခင်စီ အိမ်လိပ်စာမေးထားလိုက်တာမို့
အဆင်ပြေပြေနဲ့ရောက်လာခဲ့သည်။
တဖက်ကအိမ်ကတော့ သော့ခတ်ထားတာမို့ ဦးစက်အာကာအိမ်ကိုသာ ဘဲလ်တီးလိုက်သည်။"ဘယ်သူနဲ့တွေ့ချင်လို့လဲ"
"သွန်းသုတနဲ့ပါ ကျနော်သွန်းသုတသူငယ်ချင်းပါ"
"ခဏလေးနော်"
"ဟုတ်ကဲ့"
ထိုဦးလေးပြန်ဝင်သွားပြီးမကြာလိုက်
တံခါးကိုနောက်တစ်ကြိမ်လာဖွင့်သည်။"လင်းယံ"
"သွန်းသုတ"
တစ်လကျော်လောက်မတွေ့ရသည့် သွန်းသုတက
အရင်ထက်တောင် လူကောင်ပိုသေးလို့နေသည်။
ပိန်သွားတာကလဲ ကျောနဲ့ရင်နဲ့ပင်ကပ်တော့မတက်။"လာလေအိမ်ထဲဝင်"
"အင်း"
လင်းယံလာလို့ ပျော်နေသည့် မျက်လုံးလေးတွေကအထင်းသား။
"ငါမင်းနဲ့တွေ့ပြီးကတည်းက မျှော်နေတာ
လာမယ်ဆိုလို့ ဒီကြားထဲဘာလို့မလာတာလဲဟင်""ငါသိပ်မအားလို့ပါ သင်တန်းတွေလဲတက်နေလို့လေ"
"အော်…အောင်စာရင်းလဲထွက်တော့မယ်နော်"
"အင်း…မင်းပိန်သွားတယ်"
"ထင်လို့ပါကွ ငါအရင်လိုပါပဲ"
"စိတ်ညစ်စရာရှိလို့လား
ဦးစက်အာကာက မင်းကိုနှိပ်စက်လို့လား""ဟင့်အင်းဦးက ငါ့အပေါ်အဲ့လိုမလုပ်ပါဘူး
စိတ်ညစ်စရာလဲမရှိဘူးရယ် ငါပျော်နေပါတယ်""ပြောတာပဲ လူကဖြင့် တစ်လမတောင်ကျန်တော့တာမဟုတ်ဘူး မင်းလူကြီးရော မရှိဘူးလား"
"ရှိတယ် ဒီနေ့ဦးနားရက်လေ
အခန်းထဲမှာ အလုပ်လုပ်နေတယ်""အော်…"