Part-18
"အား……ဒီနေ့တကယ်ပင်ပန်းတယ်"
သွန်းငယ်ကိုအိပ်ယာပေါ်ဆွဲချပြီး
အပေါ်ကနေဖိထားသည့်ဦးက သွန်းငယ်မျက်နှာဘေးတွင်ခေါင်းကိုမှောက်ချကာ ငြီးနေသည်။
အိပ်မယ်ဆိုပြီး လူပေါ်ကလဲဖယ်မပေးဘူး။"ဦး ပင်ပန်းရင် သေချာအိပ်လေ
ဒီလိုကြီးဆို ကိုယ်တွေနာနေလိမ့်မယ်""……"
"ဦး…သွန်းငယ်နှိပ်ပေးရမလား"
"မင်းကဘယ်ကိုနှိပ်ပေးချင်လဲ"
"ဦးဇက်ကျောတက်တာလား
ခြေထောက်တွေညောင်းတာလား
လက်တွေကိုက်တာလား ပြောလေ နှိပ်ပေးမယ်""တစ်ကိုယ်လုံးပဲ မင်းတစ်ပြိုင်ထဲနှိပ်ပေးမလား"
"အယ် အဲ့လိုကျ ဘယ်လိုလုပ်ရမှာလဲ
လက်ကနှစ်ဖက်ထဲပါတာကို""ရအောင်နှိပ်ရင်ရပါတယ်ကွာ"
သွန်းငယ်ကိုအပေါ်ဘက်ပြောင်းတင်လိုက်သည့်ဦးကြောင့်ရင်တုန်သွားရပြန်သည်။
ဒါကြီးကရော ခုနကအနေအထားနဲ့ မကွာဘူးမို့လား။
လူနေရာပဲပြောင်းသွားတာ။"မင်းတစ်ကိုယ်လုံး ကိုယ့်ပေါ်ဖိထားရင် ရပြီလေ"
"အဲ့လိုလား…ဦးပင်ပန်းတာသက်သာလား
ဒီလိုဆို""အင်း…မင်းလဲအိပ်တော့ ပေးဖုန်းက"
လက်ထဲက မချသည့်ဖုန်းကိုယူပြီး
ခေါင်းရင်းလှမ်းတင်ပေးသည်။
ထို့နောက်သွန်းငယ်ကိုခပ်တင်းတင်းဖက်ကာ မျက်လုံးတွေမှိတ်သွားသည်။"အိပ်မက်လှလှမက်ပါစေဦး"
"မင်းသာမပါရင် ကိုယ့်အိပ်မက်တွေ အမြဲလှတယ်
ကိုယ်အိပ်ပျော်ချင်တယ်မင်းလဲတိတ်တိတ်လေးအိပ်တော့""ဟုတ်"
ပင်ပန်းနေသည့်ဦးကခဏအတွင်းအိပ်မောကျသွားသည်။
သွန်းငယ်ကသာ ဦးရင်ဘတ်ပေါ်ခေါင်းတင်ပြီး မတိုးမကျယ်ရင်ခုန်သံကိုနားထောင်နေမိတာ။
ပုံမှန်ပဲဖြစ်နေသည့် ဦးနှလုံးသားက သွန်းငယ်အတွက် နည်းနည်းလေးတောင် တုန်လှုပ်မပေးနိုင်ဘူးတဲ့လား။~~ဂျိမ်း~~
မိုးခြိမ်းသံကြောင့် သွန်းငယ်အတွေးများနေသည့်ကြားက
လန့်ကာတုန်သွားရသေးသည်။
နိုးသွားပုံရသည့်ဦးက သွန်းငယ်ကိုဘေးချပေးပြီး
ပို၍တင်းကျပ်အောင်ဖက်ထားပေးသည်။
စောင်လဲခြုံပေးတာမို့ သွန်းငယ်ကျေနပ်စွာပြုံးရင်းဦးရင်ခွင်ထဲ ပိုတိုးဝင်လိုက်သည်။
ကျေးဇူးတင်ပါတယ် မိုးနတ်မင်းကြီးရေ။
ဒီနေ့တော့ သွန်းငယ် ဦးရင်ခွင်မှာအိပ်ခွင့်ရခဲ့ပြီ။
သွန်းငယ် အိပ်မက်လှလှလေးတွေ မက်နေမှာမို့
ထပ်ပြီးမနှောက်ယှက်ဘူးမို့လား။