6

1.5K 238 2
                                    


သုံးနာရီကြာ တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် မိနစ်နှစ်ဆယ်အကြာတွင် အစီအစဉ်တင်ဆက်သူ၏အသံက ထပ်မံထွက်ပေါ်လာသည်။

"သင်တန်းသားတွေဘက်က နည်းပြတွေကို ရွေးချယ်ခြင်းအစီအစဉ် ပြီးဆုံးသွားပါပြီ။အပြန်အလှန်အနေနဲ့ နည်းပြဆရာတွေဘက်က ပြန်ပြီး ရွေးချယ်ရမယ့်အလှည့် ရောက်ရှိလို့လာခဲ့ပါပြီ။ကျေးဇူးပြုပြီး နည်းပြဆရာတွေတိုင်းက ကိုယ့်အသင်းမှာနေရမဲ့ သင်တန်းသားတွေရဲ့ နာမည်တွေကို ကတ်ပေါ်မှာ ချ‌ရေးထားဖို့ လိုအပ်ပါတယ်။အရွေးချယ်မခံရသေးတဲ့ သင်တန်းသားတွေကိုတော့ ကျပန်းရွေးချယ်ပေးသွားမှာပဲဖြစ်တယ်"

ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလုပ်ဆောင်ကြပြီးနောက် ဝန်ထမ်းလေးများသည် အခန်းလေးခန်းဆီသို့ ကတ်ပြားများကို ပို့ဆောင်ပေးလာကြသည်။

အခန်း ၁၊ ၂၊ ၃ မှာ ရယ်ရယ်မောမော ရှိနေဆဲဖြစ်ကြသည့် သင်တန်းသားများသည် ချက်ချင်းဆိုသလို အေးခဲသွားကြပြီး ‌အခန်းတွင်းရှိ လေထုအခြေအနေသည်လည်း တင်းမာလာခဲ့သည်။

နောက်ဆုံးတွင် အခန်းသုံးခန်းထဲမှာရှိသည့် နည်းပြဆရာတစ်ဦးစီရဲ့လက်ထဲမှာ ပြည့်သိပ်ကြပ်နေတဲ့ သင်တန်းသားတွေရှိကြပြီး ထိုထဲက အချို့ကတော့ မလွဲဧကန်ထုတ်ပယ်ခံရပါလိမ့်မည်။

သတင်းဆိုးကြားရသောအခါ၌  သင်တန်းသားအချို့သည် ကူကယ်ရာမဲ့စွာဖြင့် လက်တွေကိုတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြပြီး ကံကောင်းစေရန်အတွက် ဆုတောင်းနေခဲ့ကြသည်။အချို့သင်တန်းသားများကလည်း ကော်ရစ်ဒါထောင့်လေးနားတွင် ပုန်းကွယ်နေကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နှစ်သိမ့်ရင်း အချင်းချင်း အားပေးနေခဲ့၏ ။

အထူးသဖြင့် သန်မာမှုမရှိတဲ့ သင်တန်းသားတွေက ပိုလို့တောင် စိုးရိမ်နေခဲ့ကြလေသည်။

သို့သော်လည်း ရောက်သင့်သည့်လူက အချိန်တန် လျှင် ရောက်လာလိမ့်မည်ဖြစ်သကဲ့သို့ သတ်မှတ်ထားသည့်အချိန်ကလည်း ရောက်ရှိလာပါလိမ့်မည်။နာရီဝက်အကြာတွင် နည်းပြဆရာတစ်ဦးစီသည် သူတို့၏အကောင်းဆုံးဟုထင်သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပြီး ကြေညာလာခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now