7

1.5K 248 2
                                    

Chapter 7
Bl@ck IvoryJanuary 16, 2024

ထိုလူ၏ အသံထွက်လာသောအခါ လူတိုင်းက သူ့ကို တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြသည်။

လင်းယန်ရန်အနောက်မှာ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ ကုစစ်ရယ်က လက်ကိုမြှောက်ကာ တစ်ဖက်လူ၏ ဆွဲကြိုးကိုဖြုတ်ဖို့ လိုလိုလားလားနဲ့တောင် ကူညီပေးလာသည်။

စိတ်ရှည်ပြီးတော့ နူးညံ့သိမ်မွေ့လှ၏ ။

နွေးထွေးသော လက်ချောင်းထိပ်လေးများက သူ့ လည်ပင်းနောက်ဘက်သို့ အမှတ်မထင် ထိတွေ့သွားရာ ဖြူဖွေးနူးညံ့သောအသားအရေပေါ်တွင် တစ်ဖက်လူ၏ အနည်းငယ်သော နွေးထွေးမှုတို့ စွဲကျန်ရစ်နေခဲ့သည်။လင်းယန်ရန်သည် ရင်ထဲမှ အမျိုးအမည်မသိ ယားယံမှုတစ်မျိုးကိုခံစားလိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့် လည်ပင်းကိုကျုံ့၍ ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။

ကုစစ်ရယ်၏အပြုအမူသည် လူ တိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားလေပြီ။ယခုလက်ရှိအချိန်တွင် ဤနေရာ၌လူတစ်ရာကျော်ရှိနေခဲ့ပြီး ဒီအရှုပ်အထွေးပြဿနာကြီးထဲကို ဘာဖြစ်လို့ဝင်ပါဖို့ ဆန္ဒရှိနေမှန်း ဘယ်သူမှ နားမလည်နိုင်ကြပေ။

မူလက ကျိန်ဆိုခဲ့သော ရွှမ်းရိဟန်သည် သူနှင့် ဆန့်ကျင်ဘက်အရပ်တွင်ရပ်နေသော ကုစစ်ရယ်ကို မြင်လိုက်ရပြီး ကုစစ်ရယ်၏ ရှင်းလင်းပြတ်သားသော စကားသံကြောင့်လည်း နှလုံးခုန်မြန်လာကာ ချက်ချင်း ကြောက်စိတ်ဝင်လာခဲ့သည်။

အထူးသဖြင့် တစ်ဖက်သား၏ သိသိသာသာ သတိပေးသံပါသော ထေ့ငေါ့သည့်အသံဖြင့်

" ဟုတ်လား " ဟုပြောလာပုံက ထိန်းမနိုင်သိမ်းမရသောလမ်းကြောင်းဆီသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း မသိစိတ်မှ ကြိုတင်သတိပေးချက်ကို ခံစားနေရသည်။

နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားသော ရွှမ်းရိဟန်သည် ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

"ဆရာ ကု..."

ကုစစ်ရယ်သည် ယင်းအသံကို တစ်ခါမှမကြားလိုက်သလိုမျိုး ပြုမူကာ သူ့ကို လစ်လျူရှုထားခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now