Extra

1.2K 114 0
                                    

Chapter 84
Extra 6

သူ ဆက်တိုက်ငိုနေခဲ့သောကြောင့် သတိမေ့မျောသွားမည်စိုး၍ လီယင်းက သူ့ကို ဆက်ငိုခွင့် မပြုတော့ပေ။ ယွင်ချင်းစီကို အိပ်ရာပေါ် ပြန်ပွေ့လာပြီးနောက် ဓားဖြင့် အထိုးခံထားရသည့်နေရာပေါ် လက်အသာတင်လိုက်ကာ ပြောသည်။

" ဆက်ငိုနေရင် ဒဏ်ရာက နာလာလိမ့်မယ်... မင်းအမေက မင်းအတွက် ထပ်ပြီး စိတ်ပူနေရမှာပေါ့..."

" သူ ဘာကိုမှ မသိနိုင်တော့ဘူးလေ..."

" သူသိပါတယ်... မင်း ငါ့ကို မယုံဘူးဆိုရင် ကိုယ့်ကိုကိုယ်မေးကြည့်လေ... တကယ်လို့ မင်းသေသွားပြီး မင်းအမေက အသက်ရှင်နေဦးမယ်ဆိုရင် သူ။မင်းကြောင့် မစားမသောက်ပဲ ငိုယိုနေရင် မင်း စိတ်မပူဘူးလား..."

ယွင်ချင်းစီ သူ့စိတ်ထဲတွင် ထိုမေးခွန်းပြန်မေးကြည့်လိုက်သည့်အခါ စိတ်ပူပန်နေမည်ဟုသာ အဖြေထွက်လာသည်။

ထို့နောက် သူ့မျက်ရည်များကို သုတ်ပစ်ပြီး လိမ်လိမ်မာမာဖြင့်နေကာ မငိုတော့ပေ။

ထိုနောက်ပိုင်းတွင် ယွင်ချင်းစီက သူ့ကို တမင်တကာ ရွံရှာစက်ဆုပ်နေဟန်မဆောင်တော့ပေ။ သူ နေ့တိုင်း အိပ်ရာမှ ထလာပြီးသည်နှင့် အဝတ်အစားများလဲဝတ်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးသင်ကာ လီယင်းရောက်လာမည့်အချိန်ကို မျှော်နေတော့သည်။

ရံဖန်ရံခါတွင်မူ သူ စောင့်နေခဲ့ရသည်မှာ အလဟဿဖြစ်သွားလေ့ရှိသည်။

အကယ်၍ လီယင်းက ယနေ့၊ မနက်ဖြန်နှင့် သန်ဘက်ခါများတွင် မလာလျှင်လည်း တစ်နေ့နေ့တွင် လာလိမ့်မည်ကို သူ သိနေခဲ့သည်။

လီယင်းက သူ့ကို မည်သည့်အခါမှ သုံးရက်ထပ် ပိုစောင့်ရအောင်မလုပ်ပေ။

ထိုအကြောင်းများမှာ ကျန်းရှိရွှယ်က သူနှင့် ယွင်ချင်းစီ၏ ရင်းနှီးမှုကို အသုံးချပြီး အမတ်ချုပ်စံအိမ်ကို ထိန်းချုပ်မည့်အကြောင်းကို မသိခင်အချိန်ထိသာဖြစ်လိုက်သည်။

လီယင်းက အဆုံးမဲ့တားမြစ်မြို့တော်တွင် နေထိုင်ရသူဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်သော်လည်း သူ့အတွက် အလင်းရောင်မရှိဟု အမြဲခံစားနေရသည်။  သူ၏ အနာဂတ်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်နိုင်ပြီး ၎င်းအနာဂတ်မှာလည်း ထီးနန်းဆက်ခံကာ ထိုအမျိုးသမီး၏အာဏာကို တောင့်တင်းခိုင်မာစေသည့် ပစ္စည်းတစ်ခု ဖြစ်လာရန်သာ။

Shou ကလေးပြောင်းလဲသွားပြီ (ဘာသာပြန်)Where stories live. Discover now