Extra

1.1K 116 2
                                    

Chapter 85
Extra 7

သူ လမ်းလျှောက်ဝင်လာပြီး ခုံတွင်ထိုင်လိုက်သည်။ လီယင်းက တည်သီးကိတ်ကို စားပွဲပေါ် တင်ထားလိုက်ပြီး သူ့ကိုဖိနပ်ယူလာပေးလျက် ပြောလိုက်သည်။

" ဖိနပ်စီး..."

" မစီးဘူး..."

သူက ဖိနပ်မစီးရုံသာမက ခြေထောက်မြှောက်ပြီး ဖိနပ်များကို အဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။

လီယင်းက ဖိနပ်ကို တစ်ဖက်ချင်းလိုက်ကောက်ပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းမော့ပြီး သူ့ကို စူးစူးနင့်နင့်ကြည့်လိုက်သည်။

" မင်းကိုယ်တိုင်စီးပေးရင် စီးမယ်လေ..."

" ငါ မင်းကို အရင်ဘဝက အကြွေးတင်ခဲ့လို့များလား..."
လီယင်းက ပြောပြောဆိုဆိုနှင့် သူ့ခြေထောက်‌များကို သုတ်ပေးနေသည်။

သူက ယွင်ချင်းစီထက် အသက်တစ်နှစ်သာကြီးသော်လည်း သူ၏အကျင့်စရိုက်က ပိုတည်ငြိမ်ရင့်ကျက်ပေသည်။

နူးညံ့ပြီး ချစ်စရာကောင်းသည့် ခြေချောင်းလေးများကို ခြေအိတ်စွပ်ပေးလိုက်ပြီးနောက် ဖိနပ်စီးပေးလိုက်သည်။

အိမ်ရှေ့စံမင်းသားမှာ အခြားတစ်ယောက်ကို ပြုစုပေးဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအချိန်က သူကိုယ်သူ ယွင်ချင်းစီ၏ အစ်ကိုကြီးအဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့သောကြောင့် ယွင်ချင်းစီက အနာဂတ်တွင် သူ၏လက်တွဲဖော်ဖြစ်လာခဲ့လိမ့်မည်ဟု အမှန်တကယ် စိတ်ကူးမယဉ်ခဲ့မိပေ။

သူ့ကို ဖိနပ်စီးပေးပြီးသည့်အခါ အိမ်ရှေ့စံမင်းသားက မတ်တပ်ထရပ်ပြီး အပြင်ထွက်သွားသည်။ ယွင်ချင်းစီက သူ့နောက်မှ ချက်ချင်းလိုက်လာသော်လည်း လီယင်းက တံခါးဝမှ ရေဇလုံထဲရှိ ဝါးပိုက်အောက်တွင် လက်ဆေးနေသည်ကို မြင်လိုက်သောကြောင့် ရပ်တန့်သွားသည်။

လီယင်း လက်ဆေးပြီး တစ်ဖက်သို့ ပြန်လှည့်လာသည့်အခါ ယွင်ချင်းစီက တံခါးဘောင်တွင်မှီပြီး သူ့ကို သနားစရာပုံစံလေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။  သူ သနားမိသွားသော်လည်း တစ်ချိန်တည်းတွင် ရယ်စရာကောင်းသည်ဟု ထင်မိသွားသည်။

Shou ကလေးပြောင်းလဲသွားပြီ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt